Friends18.com Orkut Scraps

Monday, October 3, 2011

ဗုဒ္ဓ ဘာသာ အကျဉ်းချုပ်တရား (a summary of Buddha teaching)

ခင်မင်လေးစားရပါသော အစ်ကို၊အစ်မ၊ညီ၊ညီမလေးတို့ နှင့် သူငယ်ချင်းတို့ ခင်ဗျာ...
ဒီပို့စ်လေးက ဗုဒ္ဓဘာသာဝင်တွေ ကိုသာ ရည်ရွယ်ပြီးတင်တာပါ...အကယ်၍များ
အခြားဘာသာဝင် သူငယ်ချင်း တစ်ဦးဦးကဖတ်မိ မယ်ဆိုရင်လည်း ဗဟုသုတ ရဖွယ်အနေနဲ့ သာဖတ်ရှုပါ...
ကိုကိုမောင် က COMPARATIVE RELIGION  လုပ်တယ်လို့ မထင်ကြပါနဲ့ဗျာ...
ဒီအကြောင်းအရာလေးက ၁၃၆၆ခုနှစ် နယုန်လဆန်း ၁၄ရက်နေ့  တောင်တွင်းကြီးမှာ(သဲဖြူရွာက ချင်းလူမျိုးတွေ ကို) သီတဂူဆရာတော် ဘုရားကြီး ချီးမြှင့်ခဲ့တာပါ...တရားခေါင်းစဉ်က
ဗုဒ္ဓ ဘာသာ အကျဉ်းချုပ်တရား (a summary of Buddha teaching) ဘုရားရှင်၏ အဆုံးအမ အကျဉ်းချုပ်ပါ...ဗုဒ္ဓ၏ အမည်က ၂၀ကျော်ရှိတယ်...ဗုဒ္ဓဆိုတဲ့စကားဟာ အပေါ်လွင်ဆုံးပေါ့..မိဘ၂ပါးပေးတဲ့နာမည်က သိဒ္ဓတ္ထ၊အမျိုးအနွယ်ကပေးတဲ့နာမည်က ဂေါတမ၊နောက် သစ္စာ၎ပါး
သိတော့ရလာတဲ့နာမည်က ဗုဒ္ဓပါ။လူသားအစစ်နော်၊အမေရှိတယ်၊အဖေရှိတယ်၊အမျိုးအားဖြင့်သက္က လူမျိုး၊သက္က ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်က လူစွမ်းကောင်းလို့ အဓိပ္ပါယ်ရတယ်။ကုလားတွေကတွေကတော့ဆက္ခရားလူမျိုး၊သကျ လူမျိုးရယ်လို့ဖတ်တယ်...BC 623 မှာမွေးတယ်၊ခရစ်တော်ထက်
၆၂၃ နှစ်စောတယ်၊အစ္စလာမ် ဘာသာကိုထူထောင်တဲ့ မိုဟာမက်ထက် ၁၁၇၀ စောတယ်...သူက မက္ကာမှာမွေးတယ်...
သိဒ္ဓတ္ထမင်းသားမွေးဖွားရာအရပ်က လုမ္ဗိနီ ဆိုတဲ့ဥယျာဉ်ထဲမှာမွေးဖွားတယ်...တစ်တောလုံးရှိတဲ့ အင်ကြင်းပင်တွေ အောက်ခြေကနေ ကိုင်းဖျားအထိ ပင်လုံးကျွတ် ပွင့်နေတဲ့ရာသီကြီးမှာ တခမ်းတနား သိကြားရော၊ဗြဟ္မာရော၊နတ်တွေရော ၀ိုင်းဝိုင်းလည် လက်ခုပ်ချီပြီးရှိခိုးနေတဲ့ အချိန်လေးမှာ သိဒ္ဓတ္ထဂေါတမဟာမွေးတယ်..အမေလုပ်တဲ့
မာယာဒေ၀ီက အင်ကြင်းကိုင်းမှာ အသာလေးကိုင်ပြီး ကိုယ်ကိုမှေးပြီးထိန်းထားပြီးတော့ မတ်တပ်မွေးတယ်...မွေးဖွားလာတဲ့သိဒ္ဓ
တ္ထ က  ၊အမိဝမ်းခေါင်းက လွှတ်ထွက်လာတာနဲ့ တပြိုင်နက် မွေးကာစ ကလေးဟာလည်းပဲ မတ်တပ်ပဲ ...တုံးလုံးပက်လက် ပစ်စလက်ခတ် ဗုန်းဗင်းနဲ့ မြေကြီးကြသွားလိမ့်မယ် မထင်နဲ့ မတ်တပ်ကလေးနော်...အဲဒါကြောင့် လူစွမ်းကောင်းပြောတာ...
လူစွမ်းကောင်းတွေက အချိန်နဲ့ အလုပ်ကို အခွင့်အရေးအဖြစ်နဲ့ မိမိရရ ယူလိုက်တယ်...
မတ်တပ်လေး မွေးလာတဲ့ သိဒ္ဓတ္ထ ကိုယ်မှာသွားကြည့် ရေချိုးစရာမလို ဘူးတဲ့ဗျာ...
အညစ်အကြေးလုံးဝ မကပ်ဘူး...မတ်တပ်ရပ်ပြီးတော့ သိဒ္ဓတ္ထဟာ မြောက်ဘက်ကို ၇ လှမ်းလောက်သွားလိုက်သေးတာ...ငါ့
ခြေထောက်ပေါ်မှာ ငါရပ်နိုင်တယ်ဟေ့...ငါ့လမ်းကို ငါလျှောက်နိုင်တယ်ဟေ့...ပြီးတော့  သိကြား၊ဗြဟ္မာ၊နတ်ဒေ၀ါတွေ ၀ိုင်းနေတဲ့ အထဲမှာ ကြွေးကြော်သံ ၃ချက်ပေးပါတယ်...
၁) ငါသည်လောကဓာတ် တစ်ခုလုံးမှာ အမြတ်ဆုံးဘဲ...(မွေးမွေးချင်း လောကမှာငါအမြတ်ဆုံးလို့ ပြောတာ ဘာသာရေးခေါင်းဆောင်တွေ ထဲမှာ ဒီတစ်ယောက်ပဲရှိတယ် နော...)
                                             ၂)ဒီပဋိသန္ဓေ ဟာနောက်ဆုံးပဲ
                                             ၃)နောက်ထပ်ပြန်မွေးဖို့ မရှိတော့ဘူး
ဒီလိုရဲရဲတောက် ကြွေးကြော်ခဲ့ပါတယ်...
ကိုးကွယ်ချင်းနဲ့ ပတ်သတ်လို့ နည်းနည်းပြောမယ်...အဲဒီအချိန် အိန္ဒိယမှာ နတ်၊ဗြဟ္မာတွကို ကိုးကွယ်နေချိန်ပေါ့၊ဒီလိုရဲရဲတောက် ကြွေးကြော်သံလည်းကြားရော သူတို့တွေ မျက်လုံးပြူးကုန်ရော။စဉ်းစားကြနော် သူတို့တွေ အညံ့စားမဖြစ်ကုန်ဘူးလားဗျာ...ဘာသာရေး သမိုင်းမှာရဲရဲတောက် မွေးဖွားလာတာ ဒီတစ်ယောက်သာရှိတယ်နော...
ဘာသာရေးအားလုံးမှာ ဟိန္ဒူဘာသာက အစောဆုံးလို့ သတ်မှတ်တယ်
ဒီဘာသာက အိန္ဒိယကစတယ် လို့ဆိုရမယ်...ဟိန္ဒု မှာ ဟ ကိုဖြုတ်ရင် အိန္ဒု လို့ရမယ်...အိန္ဒု ဆိုတာ မြစ်နာမည်ပါ၊ အနောက်မြောက် ကခ်ျမီးယား၊ပန်ဂျပ်၊ပါကစ္စတန် တို့ကို ဖြတ်ပြီး ဟိမ၀န္တာ ကနေ စီးလာတဲ့မြစ်ဟာ အိန္ဒုမြစ်ကလေးပါ၊ဟိန္ဒူဘာသာ ဟာအဲဒီမြစ်ကစတယ်လို့ထင်တယ်...ဒီမြစ်က
June,July ဆိုရေလျှံတတ်တယ်၊June,July မှာနေက ဟိမ၀န္တာကနေတည့်တည့်သွားတယ်...အဲဒီ
အခါမှာ ဟိမ၀န္တာ ပေါ်မှာခဲနေတဲ့ ဆီးနှင်းခဲတွေ အကုန်ပျော်ဆင်းသွားတယ်။ဒီကာလမှာ ထိုအရပ်မှာ ရေလျှံလေ့ရှိတယ်။ တော်သလင်း၊သီတင်းကျွတ်ဆို ဟိမ၀န္တာမှာ ရေပြန်ခဲသွားတယ်။ဆီးနှင်းတွေခဲ
သွားတော့ မြစ်ထဲကရေက နည်းနည်းပဲလာတယ်...
ရေလျှံပြီးသွားရင် ရေလွမ်းမိုးသွားတဲ့ နေရာမှာ စိုက်လို့ပျိုးလို့ကောင်းပေါ့ဗျာ...ဒီလို စိုက်ပျိုးရေးကောင်းတော့ အဲဒီ ကမ်းရိုးတန်းတစ်လျောက်နေတဲ့ သူတွေက တွေး ကြတယ်...
ဝါဆို၊၀ါခေါင်တိုင်းရေလျှံတယ်...ပြီးတော့ သူတို့လယ်တွေထဲကို မြေသြဇာတွေ ဖို့ဖို့ပေးတာ တခြားမဟုတ်ဘူး တန်ခိုးရှင်တစ်ယောက်ယောက်က လယ်ထဲကိုဖို့ပေးတယ် ဆိုပြီး အပိုတွေ တွေးကြတယ်...စိမ်းစိုတဲ့ အပင်လေးတွေ ကိုကြည့်ပြီး လှလိုက်တဲ့ ကမ္ဘာ မြေကြီး ဘယ်သူများဖန်ဆင်းသလဲ အတွေးတွေနော် ၀င်လာပြီ...အဲလိုတွေးရင်း ဗြဟ္မာ

ဝင်လာတယ်...လှပတဲ့ ကမ္ဘာ ကို  ဗြဟ္မာ ဖန်ဆင်းတယ်ဆိုလာကြပြီဗျာ...အဲဒီ  ဗြဟ္မာ တကယ်ဖန်ဆင်းတာ ဟုတ်မဟုတ်တော့
မသိဘူးဗျာ...တလွဲအတွေးတော့ အဲဒီ အိန္ဒု မြစ်နားကလူတွေဆီဝင်လာပြီ ...အဲထပ်ပြီး လာသေးတယ် ဗျာ...ဒီလိုလှပတဲ့ ကမ္ဘာ မြေကို ဘယ်သူစောင့်ရှောက် သလဲ ဆိုပြီးတွေးတာ ဗိသျှနိုး ၀င် လာပြန်တယ်..သဘာဝက ဖောက်ပြန်လို့ ရေတွေက ကြီး၊အချိန် အခါမဟုတ် မိုးတွေကရွာ...မိုးတွေကခေါင်... တောမီးကလောင်... အမျိုးမျိုးပေါ့လေ...စိုက်ပျိုးရေးတွေ က မကောင်း ၊သီးနှံတွေ ကပျက်ပြန်တော့လည်း အကြောင်း၊အကျိုးမတွေးဘူး...ကမ္ဘာတော့ပျက်ပါပြီ...ဆိုပြီး သျှီဝကို သူတို့
ဖန်ဆင်းကြပြန်တယ်...စဉ်းစားကြပေါ့လေ... ဗြဟ္မာ ...ဗိသျှနိုး ...သျှီဝ
ဒီ၃မျိုးဟာ ဟိန္ဒူဘာသာ ရတနာ ၃ ပါးတဲ့ဗျာ...အတွေးတွေနော်...ဘာမှလက်တွေ့ မပါဘူး...
ကမ္ဘာ့ ဘာသာရေးတွေဟာ  လက်တွေ့ မျက်တွေ့  (Realistic) မကျပဲ တွေးပြီးတော့ မှန်းပြီးတော့ ကိုးကွယ် ရတာတွေဟာ အများကြီးပါ...
ဘာသာရေး အားလုံးရဲ့ အစဟာ ကြောက်စိတ်ပဲ
ဥပမာ နည်းနည်းပြမယ်...ငလျင်ကြီးစွာ လှုပ်တယ်...ဟာ  ဘာလို့ ဒီမြေကြီးတွေ ဒီလောက်တောင်လှုပ်ရတယ်...မြေကြီးထဲက ဘုရားသခင် စိတ်ဆိုးတော်မူတာဖြစ်မယ်လို့ တွေးကြပြန်တယ်...
သိပ္ပံ ပေါ်ပေါက် ထွန်းကား လာတော့ အဲဒီအတွေးတွေ ပျောက်သွားတယ်...အဆင်မပြေလို့ ပေါင်လိုက်သလား...ရောင်းလိုက်သလားတော့ မသိဘူးပေါ့ဗျာ...
မိုးကြိုးတွေပစ် တော့လည်း မိုးတိမ်ထဲက ဘုရားသခင် စိတ်ဆိုးတယ် ဆိုကြပြန်ရော...
မြစ်ထဲက ရေတွေ လျှံပြန်တော့လည်း မြစ်ထဲက ဘုရားသခင်စိတ်ဆိုး တယ်ဆိုကြပြန်တယ်...
ဗေဘိ လိုနိုင်ငံကြီး ဘုရားသခင် စိတ်ဆိုးတော်မူလို့ ဒဏ်ခတ်တာ ၇ နှစ်တိတိ မိုးခေါင်တယ်တဲ့ဗျာ
ရောခက်ပြီ...ဘုရားသခင် နေရာတိုင်းရောက်နေပြီ...မြေ၊ရေ၊လေ၊မီး ဟောဒီဓါတ်ကြီးလေးပါး မညီလို့
သဘာဝရဲ့ ဖောက်လွဲ ဖောက်ပြန် ကိစ္စ မိုးခေါင်၊ ရေရှား၊ရေလျှံ ....... ဟူသ၍ ဘုရားသခင်ကို ဆွဲထည့်
ကြတယ်...ဒီဘုရားသခင်သာ တကယ်ရှိရင် စိတ်ဆိုးမှာဗျ နော...သူတို့ဟာ သူတို့ အကျင့်တွေ မကောင်း၊ မဟုတ်မမှန်တာတွေ လုပ်ပြီး ငါ့ကို နေရာတကာ ဆွဲထည့်တယ်ဆိုပြီး...
လူတွေဟာ ကြောက်လာပြီဆို တွေးတော့ တာပဲ...
မှောင်နဲ့ မည်းမည်း သန်းခေါင် တစ်ယောက်ထဲ ကွင်းပြင်ကြီးထဲမှာဆို တော့ ...လျှပ်စီးတွေ ကလည်းလက်...မိုးကြိုးတွေ ကလည်း ဒိုင်းကနဲဆို ပြစ်လိုက်ရင် အောင်မလေး ဘုရားသခင် စိတ်ဆိုးတော်မူပြီ အဲဒီလိုဖြစ်နေတယ်နော...
ကျွဲကျောင်းသားတစ်ယောက် ကျွဲလေးကျောပေါ်ကနေပြီး ပလွေကလေး မှုတ်ပြီးတောထဲဝင်သွား...
ကျားတစ်ကေင်က ကျွဲကိုခြောင်းတယ်၊ကျွဲကလည်း သိတယ်ဗျာ ငါ့တော့ ကျားက ခြောင်းနေပြီဆိုတာ
ဒါနဲ့ တစ်ခါတည်း ခေါင်းကို ငုံ့ပြီး ချိုကို တိုက်ပွဲဝင်ဟန်ပြင်တယ်ပေါ့၊ကျားခုန်အုပ်ရင် ခုခံမယ်ပေါ့လေ
ကျွဲပေါ်ကကောင် ကတော့ ကြောက်လို့ ကျွဲအောက်ဝင်ပုန်းတယ်ဗျာ...အဲဒီအချိန်မှာပဲ ကျားက ဗြုန်းဆို ခုန်အုပ်...ကျွဲကလည်း တခါထဲ လှည့်ပြီး ချိုနဲ့ ခံလိုက်တာ ကျွဲချိုဖျားမှာ ကျားက အသက်ထွက်သွား တယ်  ကျား ဇာတာ နိမ့်တယ်ပေါ့နော်...ကျွဲချိုဆူးပြီး သေရတယ်လို့...အဲဒီအခါမှာ မှ ကျွဲဗိုက်အောက် က တွေးခေါ်ပညာရှင်ထွက်လာတယ်...သူဘာပြော
လဲဆိုတော့ ငါ့အသက်ကိုကယ်တာ ဒီကျွဲလေးမဟုတ်ဘူး၊ဘုရားသခင်က ကျွဲကို ၀င်ပူးပြီးကျားဘေး က လွတ်အောင် ကယ်တယ်တဲ့ဗျာ...အဲဒီတော့ ကျွဲဟာ ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ဖြစ်သွားရရှာ တယ်...ဘုရားသခင်ဘယ်ဆီနေမှန်းတောင် မသိဘူး ...တွေးပုံလေးက ဗျာ...အဲဒီတော့ အဲဒီလူဟာ
ကျွဲရုပ်လေးထုပြီး ကိုးကွယ်တာပဲ...တိရိစ္ဆာန်ရှိခိုးတာ အဲဒီက စတာနော်...
 ဒါတွေထားပါလေ...အနည်းအကျင်းသိအောင် ပျိုးတာပါ...ပြောချင်တာက
သူတို့တွေ ထင်ထားကြ ထင်နေကြတဲ့ ကောင်းကင်ဘုံရဲ့ တစ်နေရာဆီကနေ ဘုရားသခင် ကိုယ်စား
တိရိစ္ဆာန်တွေ ဟာဝင်ရောက် ကယ်တင်လို့ သူတို့တွေ ကံကောင်းကြတယ်...အသက်ဘေးက လွတ်ကြတယ်ပေါ့ဗျာ...အဲဒါတွေ အကုန်လုံး စိတ်ကူးတွေဗျ...အလကား ကြောက်စိတ်နဲ့ တွေးပြီး ပေါ်ပေါက်လာတဲ့ ဘာသာရေးတွေ(ကိုးကွယ်ရာ)...အဲဒီလို ဘာသာရေးမျိုးကို စိတ်ကူးယဉ် ဘာသာရေး လို့ပဲ ခေါ်ရ မှာပေါ့ဗျာ...လက်တွေ့မှ မကျတာဗျာ...
ယနေ့ ဗုဒ္ဓဘာသာ ၀င်တွေ တကယ်ကံကောင်းတယ်ဗျာ...ဗုဒ္ဓရဲ့ တရားတော်တွေ ကို သံဃာတော်တွေ ထံမှနေပြီး နာကြားနေရတယ်...စာအုပ်စာပေတွေ ဖတ်ကြရတယ်ဗျာ ...အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာလေး မှာ  ကျားကိုတကယ် ကာကွယ်တာက ကျွဲဗျာ..အဲဒီကျွဲ
ဲ့ဲ့ဲ့ ရဲ့နောက်မှာ ဘုရားသခင် တကယ်မရှိဘူးဗျာ...အဲဒီဘုရားသခင် ဘေးခဏဖယ်ဦး... သူ့ရှေ့ က ဖြတ်ဝင်လာတဲ့ တိရိစ္ဆာန်က ဘုရားရဲ့ ကိုယ်စားလှယ်လုပ်ပြီး အဲဒီလို ကိုးကွယ်မှုတွေကို လုပ်တဲ့ ကမ္ဘာ ဦးအစလူတွေရဲ့ သဘောလေးကို ခန့်မှန်းကြည့်ရင်... ဒီကနေ့ ကျွန်တော်တို့ ကိုးကွယ်တဲ့ဘာသာ ရေးက ဘယ်လောက်တိုးတတ် သွားပြီလဲဗျာ...ခန့်မှန်းကြည့်ကြပါ...
စိတ်ကူးယဉ် ဘာသာရေး(IMAGINARY RELIGION) ...ကြောက်စိတ်ကြောင့်ပေါ်လာသောဘာသာရေးပါ ...စိတ်ကူးယဉ် ဆိုမှတော့ လက်တွေ့ မပါတာ သိကြမှာပါ...
 သိဒ္ဓတ္ထ၊ဂေါတမ တို့ တည်ထောင်တဲ့ ဘာသာရေးက အဲဒီလိုမျိုး ကိုလုံးဝ မဟုတ်ပါဗျာ...တို့ကိုးကွယ်တဲ့ ဘာသာရေးကတော့ (REALISTIC TEACHING) ခေါ်တယ်ဗျာ..
အမေ၊အဖေ ရှိတယ်ဗျာ...တိကျတဲ့ သေချာတဲ့နောက်ခံ သမိုင်းကြောင်းရှိပါတယ်...ဒါတွေ ဟာငြင်းလို့ မရပါဘူး...
သိဒ္ဓတ္ထ ဒီနေရာမှာ(လုမ္ဗိနီ) မွေးသွားတာ မယုံ ဘူးလားဗျာ... မယုံရင်သွားကြည့်ကြပါ
လွန်ခဲ့ သောနှစ်ပေါင်း ၂၃၀၀ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြု ပြီးနောက် နှစ်ပေါင်း ၂၀၀ကျော်မှာ
သိဒ္ဓတ္ထ မွေးခဲ့သောနေရာမှာ အာသောက မင်းကြီးက ကျောက်စာစိုက်ထားတယ်ဗျာ...ကျောက်တိုင် သက်တမ်း ကိုက နှစ်၂၃၀၀ ကျော် ရှိသွားပါပြီ...ကျောက်တိုင်မှာ စာရေးသွားပါတယ်...ဒီနေရာပါတဲ့
သိဒ္ဓတ္ထ၊ဂေါတမ မွေးသွားတဲ့ နေရာပါတဲ့...ခိုင်လုံသော အထောက်အထားပါ...
-အိန္ဒုဘာသာ(ဟိန္ဒူဘာသာ) အရ ကမ္ဘာ ကိုဖန်ဆင်းတာ ဗြဟ္မာ
-ခရစ်ယာန် ဘာသာမှာ ကမ္ဘာ ကိုဖန်ဆင်းတာ GOD ဘုရားသခင်
-အစ္စလာမ် ဘာသာမှာ ကမ္ဘာ ကိုဖန်ဆင်းတာ Allah...
- ဂျူးကလည်း(အစ္စရေး လူမျိုးတွေ က)လာတယ်ဗျာ သူတို့ ဘုရား ယေဟောဝါ  Jehowahoo(ဒါက ချင်းလူမျိုးလေး ပြောတာပါ)က ဖန်ဆင်းတာပါတဲ့(ကျွန်တော်တော့ Jehovah  ဒီလို ထွက်မယ်ထင်တယ်ဗျာ...မှားရင်လည်းပြောပြ ကြပေါ့ဗျာ...
ဖန်ဆင်းရှင် ၄ယောက်ရတယ်ပေါ့ဗျာ...ဒီလေးယောက် သာ ကမ္ဘာ ကိုဖန်ဆင်းတယ်ဆိုရင် ...... တစ်ယောက်ယောက်က ဦးစွာ ပေါ်ပေါက်ပြီးတော့ ဖန်ဆင်းပြီးသား ဖြစ်သွားခဲ့ ရင် ကျန်သုံး ဦးက ဖန်ဆင်းစရာ ရှိမှ ရှိပါဦးမလားတွေးမိတယ်ဗျာ... သို့မဟုတ် လေးဦးစလုံး တစ်ပြိုင်နက် ပေါ်ပေါက်လာတယ် ဆိုရင် လည်း အလုအယက် ဖန်ဆင်းပြီး ဒီဘုရား လေးဆူ ရန်မဖြစ်ဖူးလား...ဒါလည်းတွေးစရာပါဗျာ... နောက် တွေးမိတာလေးတစ်ခုက ဒီဘုရားလေးဆူ (CONFERENCE) ညီလာခံ လုပ်ပြီး ဝေဘုံကျ ဖန်ဆင်း
သွား သလားလို့ပေါ့လေ....မင်းက အာရှတိုက်ဖန်ဆင်း...ငါက ဥရောပတိုက် ဖန်ဆင်း သူက တောင်/ မြောက် အမေရိက တိုက်ကို ဖန်ဆင်း....ဒီလိုပုံစံနဲ့ ဖန်ဆင်းသွားသလား တွေးကြည့်တာပါ...အဖြေကတော့
ခုထိကို မရသေးဘူး...
Natural & Super Natural...(သဘာဝနဲ့ သဘာဝလွန်)
ဗုဒ္ဓ ၀ါဒဟာ  
Natural သဘာဝ ပါ...
BC 623 မှာမွေးတယ်၊အသက် ၁၆ နှစ်မှာ အိမ်ထောင်ပြုတယ်...ယသော်ဓယာ မင်းသမီးနဲ့...အိမ်ရှေ့ မင်းသား ဘ၀နဲ့ နေတာ ၁၃ နှစ်...၂၉နှစ် အရောက်မှာ ထီးတွေ၊ နန်းတွေ၊ကြငှန်း တွေစွန့်ပြီး တောထွက်တယ်...တစ်နည်းပြောမယ်...ဒါလေးကပိုကောင်းတယ်ဗျာ သေသေချာချာ မှတ်ထားကြပါ
လောကီ ကာမဂုဏ် တွေ ကိုစွန့်တယ်(စည်းစိမ် ချမ်းသာတွေ ကိုစွန့် သွားတယ်) ဘာကြောင့် ဒီစည်းစိမ်တွေ ကို စွန့်သွားသလဲဆိုရင် မင်းချမ်းသာ၊ မင်းစည်းစိမ်တွေပေါ် မှာအပြစ်တွေ့ လို့ ငြီးငွေ့ သွားလို့ပါ...
ဥပမာတစ်ခု ထပ်ပေးမယ်ဗျာ...ခြောက်သွေ့နေတဲ့ အမဲရိုးလေး ၁ချောင်း...အသား တစ်စမှမရှိဘူး...အဲဒါလေးကို ခွေးတစ်ကောင် သွားတွေ့တယ်...နှာခေါင်းနဲ့ ရှုကြည့်တယ် ညှီစို့စို့ အနံ့ ကလေးရတယ်...ဒီအနံ့ လေးရတော့ ဒီခွေးကထင်တယ်...ဒီ အရိုးထဲမှာ နတ်သုဒ္ဓါလောက်ကောင်းတဲ့ အရသာ ရှိလိမ့်မယ်...ခွေးကလေးတွေးတာပါ...ဘယ်သူ့ကိုမှ မရည်ရွယ်ဘူးနော်...ဆရာတော်ဘုရား ဟောတဲ့ အတိုင်း လေးရေးတာ သိပ်ကောင်းလွန်းတဲ့ ဥပမာလေးပါ...အဲဒီလို အထင်ကလေးနဲ့ အမဲရိုးလေး ကို အမှိုက်ပုံကလေး နားကို ကိုက်ချီပြီးသွားတယ်...အဲရောက်တော့ အရိုးလေးကို အောက်ချ လက်ကလေး၂ ဖက်နဲ့ ကိုက်တယ်ဗျာ...တွေးကြည့်ကြပါ...ခြောက်နေသော အမဲရိုးဟာ ကိုက်ဖန်များတော့ စိုလာတယ်ဗျာ...စိုမှာပေါ့ဗျာ...သူ့ပါးစပ်က သားငန်ရည်တွေထွက်တော့ အရိုးခြောက်က စိုပြေလာတယ်ပေါ့ဗျာ...အဲဒီ 
သားငန်ရည် ဓာတ်လေးကို လျက်ကြည့်တယ်...ရသာ ၆ပါး ရှိမယ် အထင်နဲ့ ဖိကိုက်တယ်...ကိုက်ရင်းနဲ့ သားငန်ရည် အရသာနဲ့ အညှီနံ့ထက် ပိုတာဘာရသေးလဲ...ဘာမှမရဘူးတဲ့ဗျာ...
အဲလိုနဲ့ ကာလကြာလာတော့ အောက်သွားမဲ့၊ အထက်သွားတွေလည်း ကုန်ပေါ့လေ...ဒါလည်း စိတ်မကုန်နိုင်သေးဘူး ကိုက်ဦးမယ်တဲ့ဗျာ အမဲရိုးခြောက်ကို ။အရသာတော့ ထွက်ဦးမယ်ထင်တာပဲပေါ့လေ
ဒီခွေးလေး အတွေးမှာပါ...အဲဒါနဲ့ အမဲရိုးခြောက် ကလေးကို အမှိုက် ကလေးတွေနဲ့ ဖုန်းပြီး အမဲရိုးခြောက် အနီးမှာ ခွေခွေ ကလေးအိပ်တယ်ပေါ့ဗျာ...အိပ်ရာက နိုးတော့ ခေါင်းလေးထောင်ပြီး ကြည့်တယ်...အာ ကိုက်ဦးမှပဲ ဆိုပြီးတော့ပေါ့လေ...အပေါ်သွားတွေလည်းကျိုး၊ အောက်သွားတွေလည်း ကျိုးပေါ့လေ... ဘယ်သူ့ ကိုမှ စောင်းမပြောဘူးနော်..တိုက်ဆိုင်နေရင် ဘာမှမတတ်နိုင်ပါဘူးဗျာ.ဒါလေးကို ထပ်ကာဖို့ ထပ်ပြီး ဥပမာ ပေးသေးတယ်ဗျာ...ပညာရှိများအကြံ ဘယ်လောက် ပိုင်တယ်ဆိုတာလေးပါ... ကြည့်ကြဦးဆို့ ဘယ်လို ဟောသွားလဲလို့... ပုသိမ်ရဲ့ အောက်နားလေးမှာ လပွတ္တာ ဆိုတဲ့ မြို့တစ်မြို့ ရှိတယ်ပေါ့ဗျာ ဆားတွေ သိပ်ပေါတယ်ဗျာ ...ရှင်ပြုအလှူတစ်ခုလှူတယ် ...အလှူ့ရှင်က အလှူ မဏ္ဍပ်တိုင်တွေ နားမှာ ဆားအိုးကြီးတွေ ချထားတယ်ဗျာ...အလှူရေစက်ချ အမျှဝေအပြီး အလှူလာတဲ့သူတွေ အိမ်ပြန်တဲ့ အခါ လူတစ်ယောက် ဆား ၁ဆုပ်လှူမယ်ပေါ့လေ...ထုပ်စရာ ဖတ်တော့ မရှိဘူး...လက်နဲ့သာ နှိုက်ပြီး၁ ဆုပ်စီယူကြရမှာပါ...ဒီလိုနဲ့ အိမ်အပြန်မှာ ဆား ၁ဆုပ်စီ ယူရောပေါ့ဗျာ...အဲဒီအထဲမှာ လက်ခွကြား ၀ဲပေါက်တဲ့ သူတွေကတော့ ဆားဆုပ်မိတော့ စပ်လိုက်မဲ့ အမျိုးနော်...တွေးကြည့်နော် ...အလှူ့ ရှင်ကဆားလှူတာနော်...သူ့ ၀ဲနဲ့ သူစပ်တာတော့ မတတ်နိုင်ဘူးဗျာ...ဒီစာဖတ် တဲ့ သူတွေဖြစ်တဲ့ ကျွန်တော် ချစ်ခင်လေးစားရပါသော အစ်ကို၊အစ်မ၊ ညီ၊ညီမလေး တွေတော့ ဆားအလှူ ၀ဲပေါက်သူ ပါသလို မပါဘူးလို့ အကြွင်းမဲ့ ယုံကြည်ပါတယ်ဗျာ...ဆုလည်းတောင်းပါတယ် မပါပါစေနဲ့လို့...
ဓမ္မဆိုတာ (သဘာဝ အရှိအတိုင်းလေးပါဗျာ...မှန်တာကို ဓမ္မခေါ်တယ်ဗျာ...နောင်ကို သေချာရှင်းဦးမယ် ဓမ္မ အကြောင်းကို)Nature ပါ...
Religion ကဒီလို မဟုတ်ဘူးဗျာ...သဘာဝလွန်နေပါတယ်...ဘယ်လို သဘာဝလွန်တယ်ဆိုတာ အထက်မှာ ကျွဲကလေးနဲ့ ဥပမာပေးပြီး သားပါ...အဲဒီ ဥပမာမှာတွေး ကြည့်ရင် ကျွဲကို ရှေ့ထားပြီး နောက်ကနေ ဘုရားသခင် ထည့်ပေးလိုက်တယ်...ဒီတော့ စဉ်းစားစရာရှိတယ်... “ဘုရားသခင်က လူတွေ ကို ဖန်ဆင်းသလား...လူတွေ ရဲ့ကြောက်စိတ် ကြောင့် ပေါ်လာသော အတွေးက ဘုရားသခင်ကို ဖန်ဆင်းသလား ဆိုတာလေးကိုပါ...” {God Never Create The Men....Men Only Create The God}
အဲဒါကြောင့် ဘာသာတရားတွေဟာ ကမ္ဘာ ဦးက ဒီလိုပေါ်လာတာဆိုတာကို ( COMPARATIVE STUDY
Dhamma & Religion) ဘာကွာသလဲ ဆိုတာလေးပြောတာပါ...
အထက် က အကြောင်းအရာလေး ဆက်ရအောင်ပါ..
သိဒ္ဓတ္ထ ဘာလို့တောထွက် သလဲဆိုရင် ကာမဂုဏ်တွေ ကို အပြစ်တွေ့ ငြီးငွေ့တဲ့ အမဲရိုးခြောက် လိုသဘောပေါက်လို့ စွန့် သွားတာ...သူဘာသွားရှာသလဲ...ပါဠိ စာလုံးလေး ၂ လုံး ပြောပါ့မယ်
သန္တိ နဲ့ သစ္စာ (သစ္စာ တရား၊ သန္တိ တရား)ကို ရှာမလို့ ဆိုပြီးထွက်သွားတာ... ဥရုဝေလတော မှာ...
၆နှစ်ကြာတယ်ဗျာ...မတွေ့ခဲ့ပါဘူး...ဘာကြောင့် ၆နှစ်ကြာရှာ တာမတွေ့ သလဲဆိုတော့ ရှာနည်း မှားနေလို့ပါ...အဲဒီခေတ် အခါက အိန္ဒိယမှာ ခေတ်စားတာ အတ္တကိလမထ (ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့် ) အတ္တ =အတ္တဘော =ခန္ဓာကိုယ်+ကိလမထ =ပင်ပန်းသောအကျင့် ဆာဒူးတွေ၊ ရသေ့တွေ၊ယောဂီတွေ၊ပရဗိုဇ်တွေ   ဥရုဝေလတော မှာ သိန်း၊သန်းချီပြီး ကျင့်သောအကျင့်၊ပရဗိုဇ်တွေ ၁နေ့လုံး ၁ညလုံး ရေစိမ်တယ်...တစ်ချို့ ပရဗိုဇ်တွေ ကလည်း မီးလှုံကြတယ်
မီးဖို ၄ဖို ဖို  အလည်ခေါင်ဝင်ထိုင်ကြတယ်...တစ်ချို့တွေကလည်း အစာလုံးဝမစားပဲ အငတ်ခံ ခန္ဓာကိုယ် ကို ခြောက်သွေ့အောင် လုပ်ကြတယ်...တစ်ချို့တွေကလည်း ခန္ဓာကိုယ်  ကို ဆူးတတ်တဲ့ ကြိမ်လုံးတွေနဲ့
ရိုက်နေကြတယ်...တစ်ချို့တွေကလည်း ပုလင်းကွဲတွေ ကြိတ်ပြီး အဲဒီပေါ်မှာ လိမ့် အိပ်နေကြတယ်...
(Self-modification) ခန္ဓာ ကိုယ် ကို ညှင်းပန်းနှိပ်စက်ခြင်း ဖြင့် ရာဂ၊ဒေါသ ချုပ်ငြိမ်းနိုင်တယ်လို့ ယူဆတယ်တဲ့ဗျာ...သိဒ္ဓတ္ထ ဟာလည်း ဆရာမျိုးစုံဆီမှာချဉ်းကပ်ပြီး ဒါတွေ လိုက်ကျင့်နေတာ ၆နှစ်ကြာတယ်ဗျာ...မှားမှန်းသိတော့ မှ အဲဒါတွေ အကုန်စွန့်ပြစ်ပြီးတော့ သူ့နည်း အသစ်ကို သူတီထွင်တယ်ဗျာ...အဲဒီနည်း အသစ်က ဘာတွေလည်း ဆိုရင် မဂ္ဂင် ၈ ပါးပါ...သိမှန် ကြံမှန်၊ပြော ပြုမှန်နှင့်၊ကောင်းမှန် သက်မွေး၊ဖြူစင်ဖွေး၍၊မှန်ရေးကြိုးစား၊မှန်ငြား သတိ၊သမာဓိဟု ၊ဤသည့်ရှစ်ဖြာ၊ကျင့်စဉ် ပါမူ၊ဘာသာဝါဒ၊၀ဋ်ဒုက္ခ၊မုချငြိမ်းစေသည်တဲ့ ဗျာ...ချမ်းမြေ့ဆရာတော် ဟောတာလေးပါ...

၁) သိမှန်တဲ့ ဗျာ...အမှန်အတိုင်းသိတာလေးပါ...သဘာဝကို သဘာဝအတိုင်းအမှန် သြိမင်တာ...
၂)ကြံမှန်တဲ့ဗျာ...ကြံတယ်ဆိုတာ စိက်ထပ်ကာ ထပ်ကာ တစ်စုံတစ်ခုပေါ်မှာ ရောက်နေတာကို ကြံတယ်လို့ခေါ်တယ်...
ပြောပြုမှန်တဲ့
၃)အပြောမှန်ရမယ်
၎)အပြုလဲမှန်ရမယ်
ကောင်းမှန် သက်မွေး၊ဖြူစင်ဖွေး
၅)အသက်မွေးမှုလည်း မှန်ရမယ်တဲ့ဗျာ...ဘယ်လိုမှန်
ရမလဲဆို ဖြူစင်တဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်ရပါမယ်
မှန်ရေးကြိုးစား၆)မှန်ကန်သော ကြိုးစားအားထုတ်မှု ရှိရပါမယ်...ဒီမှာ မှန်ကန်သောဆိုတာ အပြစ်ကင်းသောလို့ ဆိုလိုပါတယ်...မှန်ကန်သောကြိုးစားအားထုတ်မှုရှိရပါမယ်
မှန်ငြား သတိ
၇)သတိနဲ့ စောင့်ကြည့်တာပါ...ဒါကိုရှုတယ်လို့ခေါ်ပါတယ်...မှန်ကန်သောစောင့်ကြည့်မှုရှိရပါမယ်...
သမာဓိဟု ၈)သမာဓိဆိုတာက စိတ်တည်ငြိမ်တာပါ ဒါဟာလည်း သဘာဝပါ...အပြစ်ကင်းသောစိတ်တည်ငြိမ်မှု ဆိုရင်
မှန်သော
စိတ်တည်ငြိမ်မှုပါ...
အဲဒီ အင်္ဂါ ၈ပါးသာ အကျင့်လမ်းစဉ်မှာပါတယ်ဗျာ...ပြီး ပြည့်စုံတဲ့ သဘာဝကို အခြေခံတဲ့ ဗုဒ္ဓ ရဲ့ ၀ါဒ...တို့ဗုဒ္ဓ ဘာသာဝင်တွေ ဒါလေးသိစေချင်တာပါ...တော်တော် များသွားပြီ ဗျာ...အမှားအယွင်းလေးတွေ ရှိရင်ထောက်ကြပါ...ပြုပြင်ရအောင်ပါ... ဒီ့ထက်မကဖော်ပြပေးသွားပါဦးမယ်...အပိုင်း (၂) အနေ နဲ့ပါ...
မှတ်ချက်...မည်သည့် မှာယွင်းမှု ကိုတွေ့စေ ဟောဖော် ညွှန်ပြ ဆိုဆုံးမသော ဆရာတော်ဘုရားကြီးတို့ ၏
အပြစ် မဟုတ်ပါဘူးခင်ဗျာ...ဟောကြားသော ဓမ္မ ကို နှလုံးသွင်းမှားသော သေသေချာချာ မနာယူမိသော
ကျွန်တော် ကိုကိုမောင် နလပိန်းတုံး အပြစ်သာဖြစ်ပါတယ် ဆိုတာလေး...ဒါလေးလည်း မှတ်ပေးကြပါဦးခင်ဗျာ...
ခင်မင်လေးစားရပါသော
အစ်ကို၊အစ်မ
ညီ၊ညီမလေးတို့ရဲ့
အမြင်လေးတွေ

No comments:

Post a Comment