မြတ်စွာဘုရား၏ ဣနြ္ဒိယပရောပရိယတ္တဉာဏ်သည် အဘယ်နည်း။
ဤသာသနာတော်၌
မြတ်စွာဘုရားသည် ပညာမျက်စိ၌ ကိလေသာမြူ နည်းကုန်သော၊ ပညာမျက်စိ၌့ကိလေသာမြူ
များကုန်သော၊ ဣနြေ္ဒထက်ကုန်သော၊ ဣနြေ္ဒနုံ့ကုန်သော၊ ကောင်းသောအခြင်းအရာ
ရှိကုန်သော၊ မကောင်းသောအခြင်းအရာရှိကုန်သော၊ သိစေလွယ်ကုန်သော၊
သိစေနိုင်ခဲကုန်သော၊ တမလွန် လောက၌ ရာဂစသောအပြစ်ကို ဘေးအားဖြင့်
ရှုလေ့ရှိကုန်သော အချို့သတ္တဝါတို့ကိုလည်းကောင်း၊ တမလွန်လောက၌
ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိကုန်သော အချို့သတ္တဝါတို့ကိုလည်း
ကောင်း မြင်တော်မူ၏။
အပ္ပရဇက္ခေ
မဟာရဇက္ခေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ
နည်းသူမည်၏။ သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ ပျင်းရိ သော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
တည်ကြည်သော
စိတ်ရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ မတည် ကြည်သော
စိတ်ရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ ပညာမဲ့သော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
တိက္ခိနြ္ဒိယေ မုဒုနြ္ဒိယေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ သဒ္ဓါ တရား မရှိ သောပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ လွတ်သော သတိရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
သွာကာရေ
ဒွါကာရေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။
သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ လွတ်သော သတိရှိ သောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ မတည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် မကောင်းသော အခြင်းအရာရှိသူ မည်၏။
သုဝိညာပယေ ဒုဝိညာပယေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ သဒ္ဓါတရား မရှိသောပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
အပ္ပေကစ္စေ
ပရလောကဝဇ္ဇဘယဒဿာဝိနော အပ္ပေကစ္စေ နပရလောကဝဇ္ဇဘယဒဿာဝိ နောဟူရာ၌
သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့်
ရှုလေ့ရှိသူ မည်၏။ သဒ္ဓါတရား မရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော
အပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
အားထုတ်အပ်သော
ဝီရိယရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအား ဖြင့်
ရှုလေ့ရှိသူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို
ဘေးအား ဖြင့် ရှုလေ့မရှိသူ မည်၏။
ထင်သော
သတိရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့်
ရှုလေ့ရှိသူ မည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော
အပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
တည်ကြည်သော
စိတ်ရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့်
ရှုလေ့ရှိသူ မည်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော
အပြစ် ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည်
တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။
ပညာမဲ့သောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့်
ရှုလေ့မရှိသူ မည်၏။
လောကောဟူရာ၌ ခန္ဓာဟူသော ခန္ဓလောက၊ ဓာတ်ဟူသော ဓာတုလောက၊ အာယတနဟူ သော
အာယတနလောက၊ အပါယ်ဘုံဟူသော ဝိပတ္တိဘဝလောက၊ အပါယ်သို့လားကြောင်းကံဟူသော
ဝိပတ္တိသမ္ဘဝ လောက၊ သုဂတိဘုံဟူသော သမ္ပတ္တိဘဝလောက၊
သုဂတိဘုံသို့ရောက်ကြောင်းကံဟူသော သမ္ပတ္တိသမ္ဘဝလောကတို့တည်း။
သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏ဟူသော လောကတစ်ပါး။
နာမ်၊ ရုပ်ဟူသော လောကနှစ်ပါး။
ဝေဒနာသုံးပါးဟူသော လောကသုံးပါး။
အာဟာရလေးပါးဟူသော လောကလေးပါး။
ဥပါဒါန်တို့၏ အာရုံဖြစ်သောခန္ဓာ 'ဥပါဒါနက္ခန္ဓာ' ငါးပါးဟူသော လောကငါးပါး။
အဇ္ဈတ္တိကာယတန ခြောက်ပါးဟူသော လောကခြောက်ပါး။
ဝိညာဏဋ္ဌိတိခုနစ်ပါးဟူသော လောကခုနစ်ပါး။
လောကဓံတရား ရှစ်ပါးဟူသော လောကရှစ်ပါး။
သတ္တာဝါသ ကိုးပါးဟူသော လောကကိုးပါး။
အာယတန ဆယ်ပါးဟူသော လောကဆယ်ပါး။
အာယတန တစ်ဆယ့်နှစ်ပါးဟူသော လောကတစ်ဆယ့်နှစ်ပါး။
ဓာတ် တစ်ဆယ့်ရှစ်ပါးဟူသော လောကတစ်ဆယ့်ရှစ်ပါးတို့တည်း။
ဝဇ္ဇံဟူရာ၌
ကိလေသာအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဒုစရိုက်အားလုံးတို့သည်
အပြစ်တို့ မည်ကုန်၏။ ပြုပြင်တတ်သော သင်္ခါရအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။
ဘုံဘဝသို့ လားရောက်စေ့တတ်သော ကံအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဤသို့
ဆိုအပ်ပြီးသော လောက၌လည်းကောင်း၊ ဤရာဂစသော အပြစ်၌လည်းကောင်း
ထက်မြက်အားကြီးသော ဘေးဟူသော အမှတ်သည် ခုတ်သတ်ခြင်း ငှါ မြှောက်ကိုင်ထားသည့်
သံလျက်သွားရှိသော လူသတ်လက်မရွံ့ကဲ့သို့ ရှေးရှုထင်၏။
ဤငါးဆယ်သော
အခြင်းအရာတို့ဖြင့် ဤဣနြေ္ဒငါးပါးတို့ကို သိတော်မူ၏။ မြင်တော်မူ၏။ ထူးသော
ဉာဏ်ဖြင့် သိတော်မူ၏။ ထိုးထွင်း၍ သိတော်မူ၏။ ဤဆိုခဲ့ပြီးသည်ကား
မြတ်စွာဘုရား၏ ဣနြ္ဒိယ ပရောပရိတ္တဉာဏ် မည်၏။
No comments:
Post a Comment