Friends18.com Orkut Scraps
Showing posts with label ဘလော့ဂ်များ. Show all posts
Showing posts with label ဘလော့ဂ်များ. Show all posts

Friday, November 18, 2011

ယမကပါဋိဟာရိယဉာဏ် အကျယ်ပြခြင်း

မြတ်စွာဘုရား၏ ယမကပါဋိဟာရိယဉာဏ်ဟူသည် အဘယ်နည်း။
ဤသာသနာတော်၌ မြတ်စွာဘုရားသည် တပည့်သာဝကတို့နှင့် မဆက်ဆံသော (ရေမီး) အစုံ တန်ခိုးပြာဋိဟာကို ပြတော်မူ၏။ အထက်ဖြစ်သော ကိုယ်တော်မှ မီးအလျှံဖြစ်၏၊ အောက်ဖြစ်သော ကိုယ်တော်မှ ရေအလျဉ် ဖြစ်၏၊ အောက်ဖြစ်သော ကိုယ်တော်မှ မီးအလျှံဖြစ်၏၊ အထက်ဖြစ်သော ကိုယ်တော်မှ ရေအလျဉ်ဖြစ်၏။
ရှေ့ဘက်ကိုယ်တော်မှ မီးအလျှံဖြစ်၏၊ နောက်ဘက် ကိုယ်တော်မှ ရေအလျဉ်ဖြစ်၏။ နောက်ဘက် ကိုယ်တော်မှ မီးအလျှံဖြစ်၏၊ ရှေ့ဘက် ကိုယ်တော်မှ ရေအလျဉ်ဖြစ်၏။
လက်ယာမျက်စိတော်မှ မီးအလျှံဖြစ်၏၊ လက်ဝဲမျက်စိတော်မှ ရေအလျဉ်ဖြစ်၏။ လက်ဝဲမျက်စိတော်မှ မီးအလျှံဖြစ်၏၊ လက်ယာမျက်စိတော်မှ ရေအလျဉ်ဖြစ်၏။
လက်ယာနားတွင်းတော်မှ မီးအလျှံဖြစ်၏၊ လက်ဝဲနားတွင်းတော်မှ ရေအလျဉ်ဖြစ်၏။ လက်ဝဲနား တွင်းတော်မှ မီးအလျှံဖြစ်၏၊ လက်ယာနားတွင်းတော်မှ ရေအလျဉ်ဖြစ်၏။
လက်ယာနှာခေါင်းတော်တွင်းမှ မီးအလျှံဖြစ်၏၊ လက်ဝဲနှာခေါင်းတော်တွင်းမှ ရေအလျဉ်ဖြစ်၏။ လက်ဝဲနှာခေါင်းတော်မှ မီးအလျှံဖြစ်၏၊ လက်ယာနှာခေါင်းတော်မှ ရေအလျဉ်ဖြစ်၏။
လက်ယာပခုံးတော်အစွန်းမှ မီးအလျှံဖြစ်၏၊ လက်ဝဲပခုံးတော်အစွန်းမှ ရေအလျဉ်ဖြစ်၏။ လက်ဝဲ ပခုံးတော်အစွန်းမှ မီးအလျှံဖြစ်၏၊ လက်ယာပခုံးတော်အစွန်းမှ ရေအလျဉ်ဖြစ်၏။
လက်ယာလက်တော်မှ မီးအလျှံဖြစ်၏၊ လက်ဝဲလက်တော်မှ ရေအလျဉ်ဖြစ်၏။ လက်ဝဲလက်တော်မှ မီးအလျှံ ဖြစ်၏၊ လက်ယာလက်တော်မှ ရေအလျဉ်ဖြစ်၏။
လက်ယာနံပါးတော်မှ မီးအလျှံဖြစ်၏၊ လက်ဝဲနံပါးတော်မှ ရေအလျဉ်ဖြစ်၏။ လက်ဝဲနံပါးတော်မှ မီးအလျှံ ဖြစ်၏၊ လက်ယာနံပါးတော်မှ ရေအလျဉ်ဖြစ်၏။
လက်ယာခြေတော်မှ မီးအလျှံဖြစ်၏၊ လက်ဝဲခြေတော်မှ ရေအယဉ်ဖြစ်၏။ လက်ဝဲခြေတော်မှ မီး အလျှံဖြစ်၏၊ လက်ယာခြေတော်မှ ရေအလျဉ်ဖြစ်၏။
လက်ချောင်းတိုင်း လက်ချောင်းတိုင်းတို့မှ မီးအလျှံဖြစ်၏၊ လက်ချောင်းတော်အကြားတို့မှရေ့အလျဉ်ဖြစ်၏။ လက်ချောင်းတော်အကြားတို့မှ မီးအလျှံဖြစ်၏၊ လက်ချောင်းတိုင်း လက်ချောင်းတိုင်းတို့မှ ရေအလျဉ်ဖြစ်၏။
တစ်ချောင်းတစ်ချောင်းသော မွေးညင်းတော်တို့မှ မီးအလျှံဖြစ်၏၊ တစ်ချောင်းတစ်ချောင်းသော မွေးညင်းတော်တို့မှ ရေအလျဉ်ဖြစ်၏။ မွေးတွင်းတော် မွေးတွင်းတော်တိုင်းမှ မီးအလျှံဖြစ်၏၊ မွေးတွင်း တော် မွေးတွင်းတော်တိုင်းမှ ရေအလျဉ်ဖြစ်၏။
ညို၊ ရွှေ၊ နီ၊ ဖြူ၊ မောင်း၊ ပြိုးပြိုးပြက်ရှိကုန်သော ရောင်ခြည်တော် ခြောက်ပါးတို့၏ (အလယ်၌) မြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတရုပ်) ဘုရားသည် ရပ်လည်း ရပ်တော် မူ၏။ ထိုင်လည်း ထိုင်တော်မူ၏။ အိပ်ခြင်းကိုလည်း ပြုတော်မူ၏။ မြတ်စွာဘုရားသည် ရပ်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် စင်္ကြံလည်း သွားတော်မူ၏။ ထိုင်လည်း ထိုင်တော်မူ၏။ အိပ်ခြင်းကိုလည်း ပြုတော်မူ၏။ မြတ်စွာဘုရားသည် ထိုင်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် စင်္ကြံလည်း သွားတော်မူ၏။ ရပ်လည်း ရပ်တော်မူ၏။ အိပ်ခြင်းကိုလည်း ပြုတော်မူ၏။ မြတ်စွာဘုရားသည် အိပ်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် စင်္ကြံလည်း သွားတော်မူ၏။ ရပ်လည်း ရပ်တော်မူ၏။ ထိုင်လည်း ထိုင်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် စင်္ကြံ သွားတော်မူ၏။ မြတ်စွာဘုရားသည် ရပ်လည်း ရပ်တော်မူ၏။ ထိုင်လည်း ထိုင်တော်မူ၏။ အိပ်လည်း အိပ်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် ရပ်တော်မူ၏။ မြတ်စွာဘုရားသည် စင်္ကြံလည်း သွားတော်မူ၏။ ထိုင်လည်း ထိုင်တော်မူ၏။ အိပ်လည်း အိပ်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် ထိုင်တော်မူ၏။ မြတ်စွာဘုရားသည် စင်္ကြံလည်းသွားတော်မူ၏။ ရပ်လည်း ရပ်တော်မူ၏။ အိပ်လည်း အိပ်တော်မူ၏။ ဖန်ဆင်းအပ်သော (နိမ္မိတ) ဘုရားသည် အိပ်တော်မူ၏။ မြတ်စွာ ဘုရားသည် စင်္ကြံလည်း သွားတော်မူ၏။ ရပ်လည်း ရပ်တော်မူ၏။ ထိုင်လည်း ထိုင်တော်မူ၏။
ဤဆိုခဲ့ပြီးသည်ကား မြတ်စွာဘုရား၏ ရေ မီး အစုံ တန်ခိုးပြာဋိဟာ ယမကပါဋိဟာရိယဉာဏ် မည်၏။

ဣနြ္ဒိယပရောပရိယတ္တဉာဏ် အကျယ်ပြခြင်း

မြတ်စွာဘုရား၏ ဣနြ္ဒိယပရောပရိယတ္တဉာဏ်သည် အဘယ်နည်း။
ဤသာသနာတော်၌ မြတ်စွာဘုရားသည် ပညာမျက်စိ၌ ကိလေသာမြူ နည်းကုန်သော၊ ပညာမျက်စိ၌့ကိလေသာမြူ များကုန်သော၊ ဣနြေ္ဒထက်ကုန်သော၊ ဣနြေ္ဒနုံ့ကုန်သော၊ ကောင်းသောအခြင်းအရာ ရှိကုန်သော၊ မကောင်းသောအခြင်းအရာရှိကုန်သော၊ သိစေလွယ်ကုန်သော၊ သိစေနိုင်ခဲကုန်သော၊ တမလွန် လောက၌ ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိကုန်သော အချို့သတ္တဝါတို့ကိုလည်းကောင်း၊ တမလွန်လောက၌ ရာဂစသောအပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိကုန်သော အချို့သတ္တဝါတို့ကိုလည်း ကောင်း မြင်တော်မူ၏။
အပ္ပရဇက္ခေ မဟာရဇက္ခေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ ပျင်းရိ သော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ မတည် ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ နည်းသူမည်၏။ ပညာမဲ့သော ပုဂ္ဂိုလ်သည် ပညာမျက်စိ၌ ကိလေသာမြူ များသူမည်၏။
တိက္ခိနြ္ဒိယေ မုဒုနြ္ဒိယေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ သဒ္ဓါ တရား မရှိ သောပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ လွတ်သော သတိရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် ဣနြေ္ဒထက်သူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် ဣနြေ္ဒနုံ့သူ မည်၏။
သွာကာရေ ဒွါကာရေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ သဒ္ဓါတရားမရှိသောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ လွတ်သော သတိရှိ သောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ မတည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် မကောင်းသောအခြင်းအရာရှိသူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် ကောင်းသောအခြင်းအရာရှိသူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် မကောင်းသော အခြင်းအရာရှိသူ မည်၏။
သုဝိညာပယေ ဒုဝိညာပယေဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ သဒ္ဓါတရား မရှိသောပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် သိစေလွယ်သူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် သိစေနိုင်ခဲသူ မည်၏။
အပ္ပေကစ္စေ ပရလောကဝဇ္ဇဘယဒဿာဝိနော အပ္ပေကစ္စေ နပရလောကဝဇ္ဇဘယဒဿာဝိ နောဟူရာ၌ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။ သဒ္ဓါတရား မရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
အားထုတ်အပ်သော ဝီရိယရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအား ဖြင့် ရှုလေ့ရှိသူ မည်၏။ ပျင်းရိသော ပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအား ဖြင့် ရှုလေ့မရှိသူ မည်၏။
ထင်သော သတိရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
တည်ကြည်သော စိတ်ရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။ မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ် ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
ပညာရှိသောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့ရှိသူ မည်၏။ ပညာမဲ့သောပုဂ္ဂိုလ်သည် တမလွန်လောက၌ ရာဂစသော အပြစ်ကို ဘေးအားဖြင့် ရှုလေ့မရှိသူ မည်၏။
  လောကောဟူရာ၌ ခန္ဓာဟူသော ခန္ဓလောက၊ ဓာတ်ဟူသော ဓာတုလောက၊ အာယတနဟူ သော အာယတနလောက၊ အပါယ်ဘုံဟူသော ဝိပတ္တိဘဝလောက၊ အပါယ်သို့လားကြောင်းကံဟူသော ဝိပတ္တိသမ္ဘဝ လောက၊ သုဂတိဘုံဟူသော သမ္ပတ္တိဘဝလောက၊ သုဂတိဘုံသို့ရောက်ကြောင်းကံဟူသော သမ္ပတ္တိသမ္ဘဝလောကတို့တည်း။
သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏ဟူသော လောကတစ်ပါး။
နာမ်၊ ရုပ်ဟူသော လောကနှစ်ပါး။
ဝေဒနာသုံးပါးဟူသော လောကသုံးပါး။
အာဟာရလေးပါးဟူသော လောကလေးပါး။
ဥပါဒါန်တို့၏ အာရုံဖြစ်သောခန္ဓာ 'ဥပါဒါနက္ခန္ဓာ' ငါးပါးဟူသော လောကငါးပါး။
အဇ္ဈတ္တိကာယတန ခြောက်ပါးဟူသော လောကခြောက်ပါး။
ဝိညာဏဋ္ဌိတိခုနစ်ပါးဟူသော လောကခုနစ်ပါး။
လောကဓံတရား ရှစ်ပါးဟူသော လောကရှစ်ပါး။
သတ္တာဝါသ ကိုးပါးဟူသော လောကကိုးပါး။
အာယတန ဆယ်ပါးဟူသော လောကဆယ်ပါး။
အာယတန တစ်ဆယ့်နှစ်ပါးဟူသော လောကတစ်ဆယ့်နှစ်ပါး။
ဓာတ် တစ်ဆယ့်ရှစ်ပါးဟူသော လောကတစ်ဆယ့်ရှစ်ပါးတို့တည်း။
ဝဇ္ဇံဟူရာ၌ ကိလေသာအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဒုစရိုက်အားလုံးတို့သည် အပြစ်တို့ မည်ကုန်၏။ ပြုပြင်တတ်သော သင်္ခါရအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဘုံဘဝသို့ လားရောက်စေ့တတ်သော ကံအားလုံးတို့သည် အပြစ်တို့မည်ကုန်၏။ ဤသို့ ဆိုအပ်ပြီးသော လောက၌လည်းကောင်း၊ ဤရာဂစသော အပြစ်၌လည်းကောင်း ထက်မြက်အားကြီးသော ဘေးဟူသော အမှတ်သည် ခုတ်သတ်ခြင်း ငှါ မြှောက်ကိုင်ထားသည့် သံလျက်သွားရှိသော လူသတ်လက်မရွံ့ကဲ့သို့ ရှေးရှုထင်၏။
ဤငါးဆယ်သော အခြင်းအရာတို့ဖြင့် ဤဣနြေ္ဒငါးပါးတို့ကို သိတော်မူ၏။ မြင်တော်မူ၏။ ထူးသော ဉာဏ်ဖြင့် သိတော်မူ၏။ ထိုးထွင်း၍ သိတော်မူ၏။ ဤဆိုခဲ့ပြီးသည်ကား မြတ်စွာဘုရား၏ ဣနြ္ဒိယ ပရောပရိတ္တဉာဏ် မည်၏။

အာသယာနုသယဉာဏ် အကျယ်ပြခြင်း

မြတ်စွာဘုရား၏ သတ္တဝါတို့ အလိုဆန္ဒနှင့် အနုသယကို သိသော အာသယာနုသယဉာဏ် သည် အဘယ်နည်း။
ဤသာသနာတော်၌ မြတ်စွာဘုရားသည် သတ္တဝါတို့၏ အလိုကို သိတော်မူ၏။ အနုသယကို သိတော်မူ၏။ စရိုက်ကို သိတော်မူ၏။ နှလုံးသွင်းခြင်းကို သိတော်မူ၏။ ကျွတ်ထိုက်သော သတ္တဝါ၊ မကျွတ်ထိုက်သော သတ္တဝါတို့ကို သိတော်မူ၏။
သတ္တဝါတို့၏ အလိုအာသယဟူသည် အဘယ်နည်း။
''လောကသည် မြဲ၏''ဟူ၍လည်းကောင်း၊ ''လောကသည် မမြဲ''ဟူ၍လည်းကောင်း၊ ''လောကသည် အဆုံးရှိ၏''ဟူ၍လည်းကောင်း၊ ''လောကသည် အဆုံးမရှိ''ဟူ၍လည်းကောင်း၊ ''ထိုအသက်သည်ပင် ထို ကိုယ် မည်၏''ဟူ၍လည်းကောင်း၊ ''အသက်တစ်ခြား ကိုယ်တစ်ခြား''ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် ဖြစ်သေး၏''ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် မဖြစ်''ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း ရှိ၏''ဟူ၍လည်းကောင်း ''သတ္တဝါ သည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်''ဟူ၍လည်းကောင်း ဤသို့ ဘဝဒိဋ္ဌိဟူသော (သဿတ) ဒိဋ္ဌိကိုမှီသော သတ္တဝါတို့သည်လည်း ဖြစ်ကုန်၏။ ဝိဘဝဒိဋ္ဌိဟူသော (ဥစ္ဆေဒ) ဒိဋ္ဌိ ကိုမှီသော သတ္တဝါတို့သည်လည်း ဖြစ်ကုန်၏။
ထို သဿတ၊ ဥစ္ဆေဒဟူသောနှစ်ဖို့နှစ်စုကို မကပ်ငြိဘဲ အကြောင်းကို စွဲ၍ အကျိုးဖြစ်၏ဟူသော ပဋိစ္စသမုပ္ပါဒ်တရားတို့၌ လျော်သော ဉာဏ်ကိုလည်း ရအပ်၏။ဟုတ်မှန်သောအတိုင်း ဉာဏ်လည်း ဖြစ်၏။
ကာမကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ကာမကို အလေးပြု၏၊ ကာမလျှင် မှီဝဲရာ ရှိ၏၊ ကာမကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ကာမကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဈာန်ကို အလေးပြု၏၊ ဈာန်လျှင် မှီဝဲရာ ရှိ၏၊ ဈာန်ကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဈာန်ကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဈာန်ကို အလေးပြု၏၊ ဈာန်လျှင် မှီဝဲရာ ရှိ၏၊ ဈာန်ကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဈာန်ကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ကာမကို အလေးပြု၏၊ ကာမလျှင် မှီဝဲရာ ရှိ၏၊ ကာမကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဒေါသကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဒေါသကို အလေးပြု၏၊ ဒေါသလျှင် မှီဝဲရာ ရှိ၏၊ ဒေါသကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဒေါသကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် မေတ္တာကို အလေးပြု၏၊ မေတ္တာလျှင် မှီဝဲ ရာရှိ၏၊ မေတ္တာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
မေတ္တာကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် မေတ္တာကို အလေးပြု၏၊ မေတ္တာလျှင် မှီဝဲ့ရာရှိ၏၊ မေတ္တာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
မေတ္တာကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဒေါသကို အလေးပြု၏၊ ဒေါသလျှင် မှီဝဲ ရာရှိ၏၊ ဒေါသကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ထိနမိဒ္ဓကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ထိနမိဒ္ဓကို အလေးပြု၏၊ ထိနမိဒ္ဓလျှင် မှီဝဲရာရှိ၏၊ ထိနမိဒ္ဓကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ထိနမိဒ္ဓကို မှီဝဲသောပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် အာလောကသညာကို အလေးပြု၏၊ အာလောကသညာလျှင် မှီဝဲရာရှိ၏၊ အာလောကသညာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
အာလောကသညာကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် အာလောကသညာကို အလေး ပြု၏၊ အာလောကသညာလျှင် မှီဝဲရာရှိ၏၊ အာလောကသညာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
အာလောကသညာကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ထိနမိဒ္ဓကို အလေးပြု၏၊ ထိနမိဒ္ဓလျှင် မှီဝဲရာရှိ၏၊ ထိနမိဒ္ဓကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဤဆိုခဲ့ပြီးသည်ကား သတ္တဝါတို့၏ အလိုအာသယတည်း။
  သတ္တဝါတို့၏ အနုသယဟူသည် အဘယ်နည်း။
ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ မာနာနုသယ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယ၊ ဤခုနစ်ပါးတို့တည်း။
လောက၌ ချစ်အပ်သာယာအပ်သော သဘောရှိသော ဣဋ္ဌာရုံ၌ သတ္တဝါတို့၏ ကာမရာဂါနုသယသည် ကိန်း၏။
လောက၌ မချစ်အပ် မသာယာအပ်သော သဘောရှိသော အနိဋ္ဌာရုံ၌ သတ္တဝါတို့၏ ပဋိဃာနုသယ သည် ကိန်း၏။ ဤသို့ ဤနှစ်ပါးသော အနုသယတရားတို့၌ အဝိဇ္ဇာသည် အစဉ်လိုက်၏။ ထိုအဝိဇ္ဇာနှင့် တစ်ပေါင်းတည်းဖြစ်သော မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ကိုလည်း မှတ်အပ်၏။ ဤဆိုခဲ့ပြီးသည်ကား သတ္တဝါ တို့၏ အနုသယတည်း။
သတ္တဝါတို့၏ စရိုက်သည် အဘယ်နည်း။
ကာမဘုံ သို့မဟုတ် မဟဂ္ဂုတ်ဘုံ၌ဖြစ်သော ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ၊ ဤသုံးမျိုးတို့တည်း။ ဤဆိုခဲ့ပြီးသည်ကား သတ္တဝါတို့၏ စရိုက်တည်း။
  သတ္တဝါတို့၏နှလုံးသွင်းခြင်းဟူသည် အဘယ်နည်း။
ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ရှိကုန်၏။ မြတ်သောနှလုံးသွင်းရှိသော သတ္တဝါ တို့သည် ရှိကုန်၏။ ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်၏။ မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်၏။
အတိတ်အခါ၌လည်း ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်၏။ မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သောနှလုံး သွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်၏။
အနာဂတ်အခါ၌လည်း ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်လတ္တံ့။ မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်လတ္တံ့။
ဤဆိုခဲ့ပြီးသည်ကား သတ္တဝါတို့၏နှလုံးသွင်းခြင်းတည်း။
မကျွတ်ထိုက်သော သတ္တဝါတို့သည် အဘယ်တို့နည်း။
ကံ၊ ကိလေသာ၊ ဝိပါက်၁ဟူသော တားမြစ်ခြင်းနှင့် ပြည့်စုံကုန်၏။ ယုံကြည်မှုကင်းကုန်၏။ ကုသိုလ့်အလိုဆန္ဒမှ ကင်းကုန်၏။ ပညာမရှိကုန်။ ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟု ဆိုအပ်သော အရိယမဂ် သို့ သက်ခြင်းငှါ မထိုက်ကုန်။ ဤသတ္တဝါတို့သည် မကျွတ်ထိုက်သော သတ္တဝါတို့တည်း။
ကျွတ်ထိုက်သော သတ္တဝါတို့သည် အဘယ်တို့နည်း။
ကံ၊ ကိလေသာ၊ ဝိပါက်ဟူသော တားမြစ်ခြင်းနှင့် မပြည့်စုံကုန်။ ယုံကြည်မှုရှိကုန်၏။ ကုသိုလ် ဆန္ဒရှိကုန်၏။ ပညာရှိကုန်၏။ ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟု ဆိုအပ်သော အရိယမဂ်သို့ သက်ခြင်းငှါ ထိုက်ကုန်၏။ ဤသတ္တဝါတို့သည် ကျွတ်ထိုက်သော သတ္တဝါတို့တည်း။
ဤဆိုအပ်ပြီးသည်ကား မြတ်စွာဘုရား၏ သတ္တဝါတို့ အလိုဆန္ဒ အာသယနှင့်အနုသယကို သိသော အာသယာနုသယ ဉာဏ်မည်၏။

အာသဝက္ခယဉာဏ် အကျယ်ပြခြင်း

ခြောက်ဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့် ဣနြေ္ဒသုံးပါးတို့၏ လေ့လာသည်၏ အဖြစ်ဟု ဆိုအပ်သောပညာသည် အဘယ်သို့လျှင် အာသဝက္ခယဉာဏ်မည်သနည်း။
အဘယ်ဣနြေ္ဒသုံးပါးတို့နည်း။
အနညာတညဿာမီတိနြေ္ဒလည်းကောင်း၊ အညိနြေ္ဒလည်းကောင်း၊ အညာတာဝိနြေ္ဒလည်းကောင်းတို့တည်း။
အနညာတညဿာမီတိနြေ္ဒသည် အဘယ်မျှလောက်သော အရာဌာနတို့သို့ ရောက်သနည်း။ အညိနြေ္ဒသည် အဘယ်မျှလောက်သော အရာဌာနတို့သို့ ရောက်သနည်း။ အညာတာဝိနြေ္ဒသည် အဘယ်မျှ လောက်သော အရာဌာနတို့သို့ ရောက်သနည်း။
အနညာတညဿာမီတိနြေ္ဒသည် သောတာပတ္တိမဂ်ဟု ဆိုအပ်သော တစ်ပါးသောအရာဌာနသို့ ရောက်၏။ အညိနြေ္ဒသည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိ ဖိုလ်၊ အရဟတ္တမဂ်ဟု ဆိုအပ်သော ခြောက်ပါးသော အရာဌာနသို့ ရောက်၏။ အညာတာဝိနြေ္ဒသည် အရဟတ္တဖိုလ်ဟု ဆိုအပ်သော တစ်ပါးသောအရာဌာနသို့ ရောက်၏။
သောတာပတ္တိမဂ်ခဏ၌ အနညာတညဿာမီတိနြေ္ဒ၏ သဒ္ဓိနြေ္ဒသည် ဆုံးဖြတ်ခြင်းလျှင် အခြံအရံရှိ၏။ ဝီရိယိနြေ္ဒသည် ချီးမြှောက်ခြင်းလျှင် အခြံအရံရှိ၏။ သတိနြေ္ဒသည် ထင်ခြင်းလျှင် အခြံအရံရှိ၏။ သမာဓိနြေ္ဒ သည် မပျံ့လွင့်ခြင်းလျှင် အခြံအရံရှိ၏။ ပညိနြေ္ဒသည် မြင်ခြင်းလျှင် အခြံအရံရှိ၏။ မနိနြေ္ဒသည် အထူး သိခြင်းလျှင် အခြံအရံရှိ၏။ သောမနဿိနြေ္ဒသည် စိတ်၊ စေတသိက်တို့ကိုနှစ်မြို့စေခြင်းလျှင် အခြံအရံရှိ၏။ ဇီဝိတိနြေ္ဒသည် ဖြစ်သော အစဉ်ကို အစိုးရသောအဖြစ်လျှင် အခြံအရံရှိ၏။
သောတာပတ္တိမဂ်ခဏ၌ စိတ်ကြောင့်ဖြစ်သော ရုပ်ကို ထား၍ ဖြစ်သော တရားအားလုံးတို့သည် ကုသိုလ်တို့သာလျှင် ဖြစ်ကုန်၏။ တရားအားလုံးတို့သည် အာသဝမရှိကုန်သည်သာတည်း။ တရား အားလုံးတို့သည် ဝဋ်မှ ထုတ်ဆောင်တတ်ကုန်သည်သာလျှင်တည်း။ တရားအားလုံးတို့သည် ကိလေသာတို့ ကို ဖျက်ဆီးလျက် သွားတတ်ကုန်သည်သာလျှင်တည်း။ တရားအားလုံးတို့သည် လောကုတ္တရာတို့သာလျှင် ဖြစ်ကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အာရုံရှိကုန်၏။
သောတာပတ္တိမဂ်ခဏ၌ အနညာတညဿာမီတိနြေ္ဒ၏ ဤရှစ်ပါးသောဣနြေ္ဒတို့သည် သဟဇာတလျှင် အခြံအရံရှိကုန်၏။ အညမညလျှင် အခြံအရံရှိကုန်၏။ နိဿယလျှင် အခြံအရံရှိကုန်၏။ သမ္ပယုတ္တလျှင် အခြံအရံရှိကုန်၏။ ထိုအနညာတညဿာမီတိနြေ္ဒနှင့်တကွ ရောက်ကုန်၏။ တကွဖြစ်ကုန်၏၊နှီးနှောကုန်၏။ ယှဉ်ကုန်၏။ ထိုအနညာတညဿာမီတိနြေ္ဒ၏ ထိုဆိုခဲ့ပြီးတရားတို့သည်သာလျှင် အခြင်းအရာတို့သည့်လည်းကောင်း၊ အခြံအရံတို့သည်လည်းကောင်း ဖြစ်ကုန်၏။
သောတာပတ္တိဖိုလ်ခဏ၌ အညိနြေ္ဒ၏ သဒ္ဓိနြေ္ဒသည် ဆုံးဖြတ်ခြင်းလျှင် အခြံအရံရှိ၏။ ဝီရိယိနြေ္ဒသည် ချီးမြှောက်ခြင်းလျှင် အခြံအရံရှိ၏။ သတိနြေ္ဒသည် ထင်ခြင်းလျှင် အခြံအရံရှိ၏။ သမာဓိနြေ္ဒသည် မပျံ့လွင့်ခြင်းလျှင် အခြံအရံရှိ၏။ ပညိနြေ္ဒသည် မြင်ခြင်းလျှင် အခြံအရံရှိ၏။ မနိနြေ္ဒသည် အထူးသိခြင်းလျှင် အခြံ အရံရှိ၏။ သောမနဿိနြေ္ဒသည် (စိတ်၊ စေတသိက်တို့ကို)နှစ်မြို့စေခြင်းလျှင် အခြံအရံရှိ၏။ ဇီဝိတိနြေ္ဒ သည် ဖြစ်သောအစဉ်ကို အစိုးရသော အဖြစ်လျှင် အခြံအရံရှိ၏။
သောတာပတ္တိဖိုလ်ခဏ၌ ဖြစ်သော တရားအားလုံးတို့သည် အဗျာကတသာလျှင် ဖြစ်ကုန်၏။ စိတ် ကြောင့်ဖြစ်သော ရုပ်ကို ထား၍ တရားအားလုံးတို့သည် အာသဝမရှိကုန်သည်သာလျှင်တည်း။ တရား အားလုံးတို့သည် လောကုတ္တရာတို့သာလျှင် ဖြစ်ကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အာရုံရှိ ကုန်၏။
သောတာပတ္တိဖိုလ်ခဏ၌ အညိနြေ္ဒ၏ ဤရှစ်ပါးသောဣနြေ္ဒတို့သည် သဟဇာတလျှင် အခြံအရံရှိကုန်၏။ အညမညလျှင် အခြံအရံရှိကုန်၏။ နိဿယလျှင် အခြံအရံရှိကုန်၏။ သမ္ပယုတ္တလျှင် အခြံအရံရှိကုန်၏။ ထိုအညိနြေ္ဒနှင့်တကွ ရောက်ကုန်၏။ တကွဖြစ်ကုန်၏၊နှီးနှောကုန်၏။ ယှဉ်ကုန်၏။ ထိုအညိနြေ္ဒ၏ ထိုဆိုခဲ့ပြီး တရားတို့သည်သာလျှင် အခြင်းအရာတို့သည်လည်းကောင်း၊ အခြံအရံတို့သည်လည်းကောင်း ဖြစ်ကုန်၏။
သကဒါဂါမိမဂ်ခဏ၌။ပ။ သကဒါဂါမိဖိုလ်ခဏ၌။ပ။ အနာဂါမိမဂ်ခဏ၌။ပ။ အနာဂါမိဖိုလ်ခဏ၌။ပ။ အရဟတ္တမဂ်ခဏ၌ အညိနြေ္ဒ၏ သဒ္ဓိနြေ္ဒသည် ဆုံးဖြတ်ခြင်းလျှင် အခြံအရံရှိ၏။ပ။ ဇီဝိတိနြေ္ဒသည် ဖြစ် သောအစဉ်ကို အစိုးရသောအဖြစ်လျှင် အခြံအရံရှိ၏။
အရဟတ္တမဂ်ခဏ၌ စိတ်ကြောင့်ဖြစ်သော ရုပ်ကို ထား၍ ဖြစ်သော တရားအားလုံးတို့သည် ကုသိုလ်တို့သာလျှင် ဖြစ်ကုန်၏။ တရားအားလုံးတို့သည် အာသဝမရှိကုန်သည်သာတည်း။ တရား အားလုံးတို့သည် ဝဋ်မှ ထုတ်ဆောင်တတ်ကုန်သည်သာလျှင်တည်း။ တရားအားလုံးတို့သည် ကိလေသာတို့ ကို ဖျက်ဆီးလျက် သွားတတ်ကုန်သည်သာလျှင်တည်း။ တရားအားလုံးတို့သည် လောကုတ္တရာတို့သာလျှင် ဖြစ်ကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အာရုံရှိကုန်၏။
အရဟတ္တမဂ်ခဏ၌ အညိနြေ္ဒ၏ ဤရှစ်ပါးသောဣနြေ္ဒတို့သည် သဟဇာတလျှင် အခြံအရံရှိကုန်၏။
အညမညလျှင် အခြံအရံရှိကုန်၏။ နိဿယလျှင် အခြံအရံရှိကုန်၏။ သမ္ပယုတ္တလျှင် အခြံအရံရှိကုန်၏။
ထိုအညိနြေ္ဒနှင့်တကွ ရောက်ကုန်၏။ တကွဖြစ်ကုန်၏၊နှီးနှောကုန်၏။ ယှဉ်ကုန်၏။ ထိုအညိနြေ္ဒ၏ ထို ဆိုခဲ့ပြီးတရားတို့သည်သာလျှင် အခြင်းအရာတို့သည်လည်းကောင်း၊ အခြံအရံတို့သည်လည်းကောင်း ဖြစ် ကုန်၏။
အရဟတ္တဖိုလ်ခဏ၌ အညာတာဝိနြေ္ဒ၏ သဒ္ဓိနြေ္ဒသည် ဆုံးဖြတ်ခြင်းလျှင် အခြံအရံရှိ၏။ ဝီရိယိနြေ္ဒ သည် ချီးမြှောက်ခြင်းလျှင် အခြံအရံရှိ၏။ သတိနြေ္ဒသည် ထင်ခြင်းလျှင် အခြံအရံရှိ၏။ သမာဓိနြေ္ဒသည် မပျံ့လွင့်ခြင်းလျှင် အခြံအရံရှိ၏။ ပညိနြေ္ဒသည် မြင်ခြင်းလျှင် အခြံအရံရှိ၏။ မနိနြေ္ဒသည် အထူးသိခြင်း လျှင် အခြံအရံရှိ၏။ သောမနဿိနြေ္ဒသည် (စိတ်၊ စေတသိက်တို့ကို)နှစ်မြို့စေခြင်းလျှင် အခြံအရံရှိ၏။ ဇီဝိတိနြေ္ဒသည် ဖြစ်သောအစဉ်ကို အစိုးရသောအဖြစ်လျှင် အခြံအရံရှိ၏။
အရဟတ္တဖိုလ်ခဏ၌ ဖြစ်သော တရားအားလုံးတို့သည် အဗျာကတသာလျှင် ဖြစ်ကုန်၏။ စိတ် ကြောင့်ဖြစ်သော ရုပ်ကို ထား၍ တရားအားလုံးတို့သည် အာသဝမရှိကုန်သည်သာလျှင်တည်း။ တရား အားလုံးတို့သည် လောကုတ္တရာတို့သာလျှင် ဖြစ်ကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အာရုံရှိကုန်၏။
အရဟတ္တဖိုလ်ခဏ၌ အညာတာဝိနြေ္ဒ၏ ဤရှစ်ပါးသောဣနြေ္ဒတို့သည် သဟဇာတလျှင် အခြံအရံရှိ့ကုန်၏။ အညမညလျှင် အခြံအရံရှိကုန်၏။ နိဿယလျှင် အခြံအရံရှိကုန်၏။ သမ္ပယုတ္တလျှင် အခြံအရံရှိ ကုန်၏။ ထိုအညာတာဝိနြေ္ဒနှင့်တကွ ရောက်ကုန်၏။ တကွဖြစ်ကုန်၏၊နှီးနှောကုန်၏။ ယှဉ်ကုန်၏။ ထို အညာတာဝိနြေ္ဒ၏ ထိုဆိုခဲ့ပြီးတရားတို့သည်သာလျှင် အခြင်းအရာတို့သည်လည်းကောင်း၊ အခြံအရံတို့ သည်လည်းကောင်း ဖြစ်ကုန်၏။
ဤသို့ ရှစ်ပါးရှစ်လီ ခြောက်ဆယ့်လေးပါးဖြစ်ကုန်၏။
အာသဝါဟူရာ၌ ထိုအာသဝေါတရားတို့သည် အဘယ်တို့နည်း။
ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝတို့တည်း။
ထိုအာသဝေါတရားတို့သည် အဘယ်တရား၌ ကုန်,ကုန်သနည်း။
သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌာသဝသည် အကြွင်းမဲ့ကုန်၏။ အပါယ်လားစေတတ်သော ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝသည် ကုန်၏။ ထိုအာသဝေါတရားတို့သည် ဤသောတာပတ္တိမဂ်၌ ကုန်,ကုန်၏။
သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကာမာသဝသည် ကုန်၏။ ထိုကာမာသဝ၌ အတူတည်ရှိသော ဘဝါသဝသည် ကုန်ခန်း၏။ ထိုကာမာသဝ၊ ဘဝါသဝနှစ်ပါးနှင့် အတူတည်ရှိသော အဝိဇ္ဇာသဝသည် ကုန် ခန်း၏။ ထိုအာသဝေါတရားတို့သည် ဤသကဒါဂါမိမဂ်၌ ကုန်,ကုန်၏။
အနာဂါမိမဂ်ဖြင့် ကာမာသဝသည် အကြွင်းမဲ့ကုန်၏။ ထိုကာမာသဝနှင့် အတူတည်ရှိသော ဘဝါသဝ သည် ကုန်၏။ ထိုကာမာသဝ၊ ဘဝါသဝနှစ်ပါးနှင့် အတူတည်ရှိသော အဝိဇ္ဇာသဝသည် ကုန်၏။ ထို အာသဝေါတရားတို့သည် ဤအနာဂါမိမဂ်၌ ကုန်,ကုန်၏။
အရဟတ္တမဂ်ဖြင့် ဘဝါသဝသည် အကြွင်းမဲ့ကုန်၏။ အဝိဇ္ဇာသဝသည် အကြွင်းမဲ့ကုန်၏။ ထို အာသဝေါတရားတို့သည် ဤအရဟတ္တမဂ်၌ ကုန်,ကုန်၏။
ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ခြောက်ဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့် ဣနြေ္ဒ သုံးပါးတို့၏ လေ့လာသည်၏အဖြစ်ဟုဆိုအပ်သောပညာကို အာသဝက္ခယဉာဏ်ဟု ဆိုအပ်၏။

ဒိဗ္ဗစက္ခုဉာဏ် အကျယ်ပြခြင်း

 အရောင်အလင်း၏ အစွမ်းအားဖြင့် ထူးခြားသော၊ တူညီသော ရူပနိမိတ်တို့ကို ရှုမြင်ခြင်း၌ ဖြစ်သောပညာသည် အဘယ်သို့လျှင် ဒိဗ္ဗစက္ခုဉာဏ် မည်သနည်း။
ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကြီးမှူး၍ သမာဓိပြဋ္ဌာန်းလျက် ဝီရိယစေတသိက်နှင့် ပြည့်စုံ သော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ ဝီရိယကြီးမှူး၍ သမာဓိ။ပ။ စိတ်ကြီးမှူး၍ သမာဓိ။ပ။ ပညာကြီးမှူး၍ သမာဓိပြဋ္ဌာန်းလျက် ဝီရိယစေတသိက်နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။
ထိုသူသည် ဤလေးပါးသော ဣဒ္ဓိပါဒ်တို့၌ စိတ်ကို ထက်ဝန်းကျင်မှ ပွါးစေ၏။ ဆုံးမ၏။နူးညံ့ အောင် ပြု၏။ အမှု၌ခံ့အောင် ပြု၏။ ထိုသူသည် ဤလေးပါးသော ဣဒ္ဓိပါဒ်တို့၌ စိတ်ကို ထက်ဝန်းကျင်မှ ပွါးစေ၍၊ ဆုံးမ၍၊နူးညံ့အောင်ပြု၍၊ အမှု၌ ခံ့အောင်ပြု၍ အရောင်အလင်း အမှတ်အသား 'အာလောက သညာ'ကိုနှလုံးသွင်း၏။ နေ့ဟူသော အမှတ်အသား 'ဒိဝါသညာ'ကို ဆောက်တည်၏။ နေ့ဖြစ်သော အခြင်းအရာအားဖြင့် ညဥ့်သည် ဖြစ်၏။ ညဉ့်ဖြစ်သော အခြင်းအရာအားဖြင့် နေ့သည် ဖြစ်၏။ ဤသို့ ဟင်းလင်းအပြင်ရှိသော မမြှေးယှက်အပ်သော စိတ်ဖြင့် အရောင်တောက်ပခြင်းရှိသော စိတ်ကို ပွါးစေ၏။
ထိုသူသည် ထိုသို့သောအခြင်းအရာအားဖြင့် ပွါးစေအပ်သော၊ စင်ကြယ်သော၊ ဖြူစင်သောစိတ်ဖြင့် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသောဉာဏ်အကျိုးငှါ စိတ်ကို ရှေးရှုပို့ဆောင်၏။ ရှေးရှုညွတ်စေ၏။ ထို သူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု'ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ၊ မကောင်း သော လားရာရှိသောသတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိနိုင်၏။
''အချင်းတို့ စင်စစ် ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ကာယဒုစရိုက်'နှင့် ပြည့်စုံကုန်၏။နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏။ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို စွပ်စွဲကုန်။ မှားသော အယူရှိကုန်၏။ မှားသော အယူဖြင့် ပြုသောကံ ရှိကုန်၏။ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏။
အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏။နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏။ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို မစွပ်စွဲကုန်။ မှန်သော အယူရှိ ကုန်၏။ မှန်သော အယူဖြင့် ပြုသောကံ ရှိကုန်၏။ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ့နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ပေါ်ရကုန်၏''ဟု (သိ၏)။
ဤသို့လျှင် အထူးသဖြင့်စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ၊ မကောင်း သော လားရာရှိသော သတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိနိုင်၏။
ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အရောင်အလင်း၏ အစွမ်းအားဖြင့် ထူးခြားသော၊ တူမျှ သော ရူပနိမိတ်တို့ကို မြင်ခြင်း၌ ဖြစ်သောပညာကို ဒိဗ္ဗစက္ခုဉာဏ်ဟု ဆိုအပ်၏။

Thursday, November 17, 2011

သဗ္ဗညုတဉာဏ် အကျယ်ပြခြင်း

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အဘယ်နည်း။
အလုံးစုံသော သင်္ခတ၊ အသင်္ခတတရားကို အကြွင်းအကျန်မရှိ သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
 အတိတ်ဖြစ်သော တရားအားလုံးကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့ သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
အနာဂတ်တရားအားလုံးကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ် အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ပစ္စုပ္ပန်တရားအားလုံးကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ် အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
စက္ခုပသာဒလည်းကောင်း၊ ရူပါရုံလည်းကောင်း။ ဤသို့ ထိုအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
သောတပသာဒလည်းကောင်း သဒ္ဒါရုံလည်းကောင်း။ပ။ ဃာနပသာဒလည်းကောင်း၊ ဂန္ဓာရုံလည်း ကောင်း။ ဇိဝှါပသာဒလည်းကောင်း၊ ရသာရုံလည်းကောင်း။ ကာယပသာဒလည်းကောင်း၊ ဖောဋ္ဌဗ္ဗာရုံ လည်းကောင်း။ စိတ်လည်းကောင်း၊ ဓမ္မာရုံလည်းကောင်း။ ဤသို့ ထိုအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
မမြဲသော အနိစ္စသဘော၊ ဆင်းရဲသော ဒုက္ခသဘော၊ ကိုယ်ပိုင်မဟုတ်သော အနတ္တသဘော ရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ရုပ်၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော ရှိသမျှအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဝေဒနာ၏။ပ။ သညာ၏။ပ။ သင်္ခါရတို့၏။ပ။ ဝိညာဉ်၏။ပ။ စက္ခုပသာဒ၏။ပ။ အိုခြင်း 'ဇရာ'၊ သေခြင်း 'မရဏ'၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော ရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
အဘိညာဉ်၏ အထူးသိအပ်သော သဘောရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ပရိညာ၏ ပိုင်းခြား၍ သိအပ်သော သဘောရှိသမျှ။ ပ၊ ပဟာန်၏ ပယ်အပ်သော သဘောရှိသမျှ။ပ။ ဘာဝနာ၏ ပွါးများအပ်သော သဘောရှိသမျှ။ပ။ သစ္ဆိကိရိယာ၏ မျက်မှောက်ပြုအပ်သော သဘော ရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ရုပ်နာမ်အစု 'ခန္ဓာ'တို့၏ အပေါင်းအစုဟူသောသဘော ရှိသမျှအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဓာတ်တို့၏ ဆောင်တတ်သောသဘော ရှိသမျှ။ပ။ အာယတနတို့၏ တည်ရာဟူသောသဘော ရှိသမျှ။ပ။ သင်္ခတတရားတို့၏ ပြုပြင်အပ်သောသဘော ရှိသမျှ။ပ။
အသင်္ခတတရား၏ မပြုပြင်အပ်သောသဘော ရှိသမျှအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတ ဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ကုသိုလ်တရား ရှိသမျှ၌ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
အကုသိုလ်တရား ရှိသမျှ၌။ပ။ အဗျာကတတရား ရှိသမျှ၌။ ကာမာဝစရတရား ရှိသမျှ၌။ ရူပါဝစရတရား ရှိသမျှ၌။ အရူပါဝစရတရား ရှိသမျှ၌။ လောကုတ္တရာတရား ရှိသမျှ၌ဖြစ်သော အလုံးစုံ သောတရားကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဒုက္ခသစ္စာ၏ ဆင်းရဲခြင်းသဘောရှိသမျှအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ်မည်၏။
ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
သမုဒယသစ္စာ၏ ဆင်းရဲဖြစ်ကြောင်း သဘောရှိသမျှ။ပ။ နိရောဓသစ္စာ၏ ဆင်းရဲချုပ်ငြိမ်းရာ့သဘောရှိသမျှ။ပ။ မဂ္ဂသစ္စာ၏ ဆင်းရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်းသဘော ရှိသမျှအလုံးစုံကို သိတတ် သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
အတ္ထပဋိသမ္ဘိဒါ၏ အနက်-အကျိုးကို သိတတ်သော သဘောရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဓမ္မပဋိသမ္ဘိဒါ၏ ပါဠိ-အကြောင်းကို သိတတ်သော သဘောရှိသမျှ။ပ။
နိရုတ္တိပဋိသမ္ဘိဒါ၏ သဒ္ဒါကို သိတတ်သော သဘောရှိသမျှ။ပ။
ပဋိဘာနပဋိသမ္ဘိဒါ၏ ဉာဏ်ပဋိဘာန်ကို သိတတ်သော သဘောရှိသမျှ အလုံးစုံကို သိတတ်သော ကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဣနြ္ဒိယပရောပရိယတ္တ၌ သိသောဉာဏ် ရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
သတ္တဝါတို့၏ အာသယအနုသယ၌ သိသော ဉာဏ်ရှိသမျှ။ပ။ ယမကပါဋိဟာရိယ၌သိသော ဉာဏ် ရှိသမျှ။ပ။
မဟာကရုဏာသမာပတ္တိ၌သိသော ဉာဏ် ရှိသမျှအလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော သြကာသလောကသည်လည်း ကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တလောကသည်လည်းကောင်းမြင်အပ်၊ ကြားအပ်၊ တွေ့အပ်၊ သိအပ်၊ ရောက်အပ်၊ ရှာမှီးအပ်၊ စိတ်ဖြင့် အဖန်တလဲလဲ လေ့ကျင့်အပ်သော တရားရှိသမျှ အလုံးစုံကို သိတတ်သောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ် အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
 ထိုမြတ်စွာဘုရားအား ဤလောကဓာတ်၌ မမြင်အပ်သောတရား တစ်စုံ တစ်ခုမျှ မရှိ။ ထို့ပြင် မသိအပ် မသိထိုက်သောတရား တစ်စုံတစ်ခုမျှ မရှိ။ သိသင့် သိထိုက်သော တရားအားလုံးကို သိတော်မူပြီ။ ထို့ကြောင့် မြတ်စွာဘုရား ကို သမန္တစက္ခုဟု ဆိုအပ်၏။
သမန္တစက္ခုဟူရာ၌ အဘယ်အနက်သဘောကြောင့် သမန္တစက္ခုမည်သနည်း။
တစ်ဆယ့်လေးပါးသော ဗုဒ္ဓဉာဏ်တို့သည် သမန္တစက္ခုမည်ကုန်၏။ ဆင်းရဲဒုက္ခ၌ဖြစ်သော ဉာဏ် သည် ဗုဒ္ဓဉာဏ်မည်၏။ ဆင်းရဲဖြစ်ကြောင်း သမုဒယ၌ဖြစ်သော ဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ဆင်းရဲ ချုပ်ငြိမ်းရာ နိရောဓ၌ဖြစ်သော ဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ဆင်းရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်း ဖြစ်သော ကျင့်ဝတ်လမ်းစဉ်၌ ဖြစ်သော ဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။
အနက်-အကျိုးကို သိရာ၌ ဖြစ်သောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ပါဠိအကြောင်းကို သိရာ၌ဖြစ်သော ဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ သဒ္ဒါကို သိရာ၌ ဖြစ်သောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ဉာဏ် ပဋိဘာန်ကို သိရာ၌ ဖြစ်သောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။
ဣနြ္ဒိယပရောပရိယတ္တ၌ သိသောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ သတ္တဝါတို့၏ အာသယအနုသယ၌ သိသောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ယမကပါဋိဟာရိယ၌ သိသောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ မဟာ ကရုဏာ သမာပတ်၌ သိသောဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ သဗ္ဗညုတဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။
အနာဝရဏဉာဏ်သည် ဗုဒ္ဓဉာဏ်မည်၏။ ဤတစ်ဆယ့်လေးပါးသော ဉာဏ်တို့သည် ဗုဒ္ဓဉာဏ်မည်ကုန်၏။
ဤဗုဒ္ဓဉာဏ် တစ်ဆယ့်လေးပါးတို့တွင် ဉာဏ်ရှစ်ပါးတို့သည် သာဝကတို့နှင့် ဆက်ဆံကုန်၏။
ဉာဏ်ခြောက်ပါးတို့သည် သာဝကတို့နှင့် မဆက်ဆံကုန်။
ဒုက္ခ၏ ဒုက္ခသဘော ရှိသမျှ အလုံးစုံသောတရားကို သိအပ်၏။ မသိအပ်သော ဒုက္ခသဘော ဖြစ်သော တရားသည် မရှိသောကြောင့် သဗ္ဗညုတဉာဏ်မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဒုက္ခ၏ ဒုက္ခသဘော ရှိသမျှ အလုံးစုံသောတရားကို သိအပ်၏။ အလုံးစုံသောတရားကို မြင်အပ်၏။
အလုံးစုံသောတရားကို ထင်ရှားအောင် ပြုအပ်၏။ အလုံးစုံသော တရားကို မျက်မှောက်ပြုအပ်၏။ အလုံး စုံသောတရားကို ပညာဖြင့် တွေ့အပ်၏။ ပညာဖြင့် မတွေ့အပ်သော ဆင်းရဲသဘောဖြစ်သော တရားသည် မရှိသောကြောင့် သဗ္ဗညုတဉာဏ် မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
သမုဒယသစ္စာ၏ ဆင်းရဲဖြစ်ကြောင်းသမုဒယသဘောရှိသမျှ။ နိရောဓသစ္စာ၏ ဆင်းရဲချုပ်ငြိမ်းရာ နိရောဓသဘောရှိသမျှ။ မဂ္ဂသစ္စာ၏ ဆင်းရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်းသဘောရှိသမျှ။ပ။
အတ္ထပဋိသမ္ဘိဒါ၏ အနက်ကို သိခြင်းသဘောရှိသမျှ။ ဓမ္မပဋိသမ္ဘိဒါ၏ ပါဠိကို သိခြင်းသဘောရှိသမျှ။ နိရုတ္တိပဋိသမ္ဘိဒါ၏ သဒ္ဒါကို သိခြင်းသဘောရှိသမျှ။ ပဋိဘာနပဋိသမ္ဘိဒါ၏ ဉာဏ်ပဋိဘာန်ကို သိခြင်းသဘော ရှိသမျှ အလုံးစုံသော တရားကို သိအပ်၏။ အလုံးစုံသော တရားကို မြင်အပ်၏။ အလုံးစုံသော တရားကို ထင်ရှားအောင် ပြုအပ်၏။ အလုံးစုံသော တရားကို မျက်မှောက်ပြုအပ်၏။ အလုံးစုံသော တရားကို ပညာဖြင့် တွေ့အပ်၏။ ပညာဖြင့် မတွေ့အပ်သော ဉာဏ်ပဋိဘာန်ကို သိခြင်းသဘောသည်မရှိသောကြောင့် သဗ္ဗညုတဉာဏ်မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ဣနြ္ဒိယပရောပရိယတ္တ၌ သိသောဉာဏ်ရှိသမျှ။ သတ္တဝါတို့၏ အာသယာနုသယ၌ သိသောဉာဏ်ရှိ သမျှ။ ယမကပါဋိဟာရိယ၌ သိသောဉာဏ်ရှိသမျှ။ မဟာကရုဏာသမာပတ္တိဉာဏ်၌ သိသောဉာဏ်ရှိသမျှ အလုံးစုံကို သိအပ်၏။ အလုံးစုံကို မြင်အပ်၏။ အလုံးစုံကို ထင်ရှားအောင် ပြုအပ်၏။ အလုံးစုံကို မျက် မှောက်ပြုအပ်၏။ အလုံးစုံကို ပညာဖြင့် တွေ့အပ်၏။ ပညာဖြင့် မတွေ့အပ်သော မဟာကရုဏာသမာပတ္တိ ၌ သိသောဉာဏ်သည် မရှိသောကြောင့် သဗ္ဗညုတဉာဏ်မည်၏။ ထိုသို့သိရာ၌ အပိတ်အပင်မရှိသော ကြောင့် အနာဝရဏဉာဏ် မည်၏။
နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော သြကာသလောကသည်လည်း ကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တလောကသည်လည်းကောင်း မြင်အပ်၊ ကြားအပ်၊ တွေ့အပ်၊ သိအပ်၊ ရောက်အပ်၊ ရှာမှီးအပ်၊ စိတ်ဖြင့် အဖန်ဖန်လေ့လာအပ်သော တရားရှိသမျှ အလုံးစုံကို သိအပ်၏၊ မြင်အပ်၏၊ ထင်ရှားအောင်ပြုအပ်၏၊ မျက်မှောက်ပြုအပ်၏၊ ပညာဖြင့် တွေ့အပ်၏။ ပညာဖြင့် မတွေ့အပ်သော တရားမည်သည် မရှိသောကြောင့် သဗ္ဗညုတဉာဏ် မည်၏။
ထိုသို့သိရာ၌ အပိတ်အပင် မရှိသောကြောင့် အနာဝရဏဉာဏ် မည်၏။
ထိုမြတ်စွာဘုရားအား ဤလောကဓာတ်၌ ပညာမျက်စိဖြင့် မမြင်အပ်သောတရား တစ်စုံတစ်ခုမျှ မရှိ။ ထို့ပြင် မသိအပ် မသိထိုက်သောတရား တစ်စုံတစ်ခုမျှ မရှိ။ သိသင့် သိထိုက်သော တရားအားလုံးကို သိတော်မူပြီ။ ထို့ကြောင့် မြတ်စွာဘုရား ကို သမန္တစက္ခုဟု ဆိုအပ်၏။

Monday, October 3, 2011

မြတ်ဗုဒ္ဓ၏ တရားဥိး

မြတ်ဗုဒ္ဓ၏ တရားဥိး
(The First Discourse of The Buddha)


တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို

တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging
is suffering.

(၃)
ဗျာဓိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness
is suffering.

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death
is suffering.
Sorrow and lamentation, pain, grief and despair are  suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant
is suffering.

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant
is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants
is suffering.

ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

သစ္စာလေးပါးကို ရှင်းပြပါမယ်


(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of  the origin of  suffering.

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of  the Cessation of  suffering.

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ
The Noble True of  the Path leading to the Cessation of  suffering.

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view-                  ကောင်းစွာ သိမြင်ခြင်း၊
Right thought-            ကောင်းစွာ ကြံစည်ခြင်း၊Right speech-             ကောင်းစွာ ပြောဆိုခြင်း၊Right action                 ကောင်းစွာ ပြုမူနေထိုင်ခြင်း၊Right livelihood          ကောင်းစွာ အသက်မွေးခြင်း၊Right effort-                  ကောင်းစွာ အားထုတ်ခြင်း၊Right mindfulness-     ကောင်းစွာ အောက်မေ့ခြင်း နှင့်Right concentration-  ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’


ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဥာဏဒဿန နှင့် စေတောဝိမုတ္တိ= ဥာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး
ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး
လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့

ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။
 


တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့


သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ
မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို
ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်
လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊
ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ
ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။
သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။
ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏
တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊
မာန်မာနကို နှိမ့်ချတတ်သော သဘော၊
အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး
ကောင်းသောအကြံ ၊
မှန်သောအကျင့် ၊
သင့်သောအယူ ၊
ဖြူသောနှလုံး ၊
သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။

သီတဂူဆရာတော် (သို့မဟုတ်) စာဆိုတော်ဓမ္မကထိက

သီတဂူဆရာတော်၏ ရဟန်းပျိုဘ၀ ပုံရိပ်

From Sitagu Meeting

မိမိ၏ဇာတိရပ်ရွာ၌ ဆရာတော်၏ တရားကို အလွန် ကြိုက်သော ဦးရီးတစ်ယောက်ရှိ၏။ အာဘောင် အာရင်း သန်သန်နှင့် အပြောကောင်းလှ၏။ သူသည် ဆရာတော်၏ အကြောင်းကို မကြာမကြာ ပြော၏။ ထို့ကြောင့် မိမိသည် သီတဂူဆရာတော်ကို ကိုရင်ဘဝကပင် ကောင်းကောင်း သိနေလေတော့၏။

ဆရာတော်၏ တရားများကို နာရတာ အရသာ ရှိကြောင်း၊ ဆရာတော်သည် မိမိပြောလိုသည့် အကြောင်းအရာကို တစ်တစ်ခွခွ ပြောတတ်ကြောင်း၊ အသံသြဇာကလည်း ကောင်းကြောင်း၊ တချို့ဓမ္မကထိကများက ပြစ်ချွဲချွဲ အသံဖြင့်ဟောကြသော်လည်း ဆရာတော်က ရဲရင့် တည်ငြိမ်သောအသံဖြင့် ဟောကြောင်း စသဖြင့် ဆရာတော်၏ အကြောင်းကို ဤကဲ့သို့ ချီးမွမ်းခန်း ဖွင့်လေသည်။

''သက်ကြီးစကား သက်ငယ်ကြား''ဆိုသည့်အတိုင်း မိမိသည် ကိုရင်အရွယ် ရှိသေးရကား သူ၏ ပြောစကားများ ကို စိတ်ဝင်တစား နားထောင်ခဲ့ရပေသည်။

သူသည် နိဂုံးချုပ်ပြီဆိုရင် ပြောနေကြအတိုင်း ''ကိုရင်တို့လည်း ဆရာတော်လို ဖြစ်အောင် ကြိုးစားကြ'' ဟု တိုက်တွန်းစကားဖြင့် အဆုံးသတ်လေ့ရှိ၏။

ဒကာမကြီးတစ်ယောက်၏ ပီတိမျက်ရည်

ဆရာတော်၏တရားများကို လွန်လွန်ကဲကဲ နှစ်ခြိုက်ကြသူများကို ခဏခဏတွေ့ရပါသည်။ ထိုင်းနိုင်ငံ မှ ဒကာမ ကြီးတစ်ယောက်ဆိုလျှင် ဆရာတော်ကို တွေ့သော အခါ ဝမ်းသာပြီး ငိုပါတော့သည်။

ဆရာတော်သည် သာသနာကိစ္စတစ်ခုဖြင့် ထိုင်းနိုင်ငံ ဖယောင်းမြို့သို့ ကြွရောက်တော်မူ၏။ ပရိသတ်များ ဆရာတော်ကို လာရောက် နှုတ်ဆက်ကန်တော့ကြ၏။ ထိုအထဲတွင် ဒေါ်အေးစိန်ဆိုသည့် ဒကာမကြီးလည်း ပါလာ၏။

ထိုဒကာမကြီးသည် သီတဂူဆရာတော်ကို အလွန် ကြည်ညို၏။ ဆရာတော်၏ တရားများကို အလွန်နှစ် ခြိုက်၏။ သို့သော်ဆရာတော်ကို တစ်ခါမှ မဖူးတွေ့ဘူးပေ။ ယင်းသို့ဖြစ်ရကား ဆရာတော်ကိုဖူးတွေ့ နေပါသော်လည်း ''ငါ သီတဂူဆရာတော်ကို ဖူးနေတာပဲ''ဟု မသိရှိပေ။

ထို့ကြောင့် ဒကာမကြီးက ''တပည့်တော်ဟာ ခရီး သွား ခရီးလာများမှတဆင့် မှာယူ၍ မြန်မာပြည်မှ တရားတိတ်ခွေများ နာရပါတယ်၊ ယခုလို မြန်မာဘုန်းတော်ကြီးများ ရောက်ရှိလာတော့ ဖူးရတာအလွန်ပင် ဝမ်းသာ မိပါတယ်ဘုရား''ဟု ဆရာတော်ကို လျှောက်၏။

''ဟုတ်တာပေါ့၊ နိုင်ငံရပ်ခြားမှာနေကြတဲ့ မြန်မာ လူမျိုးတွေဟာ ဘုန်းကြီးသံဃာတော်များကို သိပ်ဖူးချင် ကြတယ်၊ အမျိုးဘာသာသာသနာကို ချစ်တဲ့စိတ်ရှိလို့ပါပဲ၊ ဒါကိုဝံသာနုစိတ်လို့ခေါ်ပါတယ်၊ ဘုန်းကြီးတို့ အားရကျေ နပ်မိပါတယ်''။

''မှန်ပါဘုရား၊ ဆရာတော်ကို တစ်ခုလောက် အကူ အညီ တောင်းချင်ပါတယ်''။

''ရပါတယ် ဒကာမကြီး၊ ဘုန်းကြီး ကူညီမှာပေါ့''။

''တပည့်တော်ဟာ ဘဝတန်ဖိုးနဲ့ နိယာမငါးပါး တရားကို ဟောကြားတဲ့ သီတဂူဆရာတော်ကို ထိုင်းနိုင်ငံသို့ ပင့်ချင်ပါတယ်၊ ဒါကြောင့် သီတဂူဆရာတော်ကို မရရ အောင်ပင့်ပေးပါဘုရား''။

''ဒကာမကြီး သီတဂူဆရာတော်ဆိုတာ အခြားမဟုတ်ဘူး၊ အခုဒကာမကြီးရှေ့က ဘုန်းကြီးပါပဲ''ဟု ဆရာ တော်ကအမိန့်ရှိလိုက်သောအခါ ဒကာမကြီး ဒေါ်အေးစိန်သည် သီတဂူဆရာတော်မှန်း သိသွားပြီး ရှိုက်ကြီး တငင် ငိုကြွေးပါတော့သည်။

ဆရာတော်က ''ဒကာမကြီး ဘာကြောင့် ငိုနေ သလဲ၊ ဒါ ငိုစရာမဟုတ်ပါဘူး''ဟု ပြောလိုက်၏။

''ဆရာတော် တပည့်တော်ဟာ ထိုင်းနိုင်ငံရောက်တာ နှစ်ပေါင်း ၄ဝ-ကျော်ပြီ၊ မြန်မာနိုင်ငံကို တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးဘုရား၊ မြန်မာဆရာတော်များ၏ တရားတိတ်ခွေများ အမြဲနာကြားနေရာက ဘဝတန်ဖိုး တရားဟောကြားတဲ့ ဆရာတော်ကို ဖူးတွေ့လိုတဲ့ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်နေတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံကို မပြန်နိုင်ဘူး၊ ဒါကြောင့် ဒီတစ်သက်တွင် ဖူးတွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတယ်၊ ယခုလို မမျှော်လင့်ပဲ ဖူးတွေ့ရလို့ ဖော်မပြနိုင်လောက်အောင် ဝမ်းသာမိပါတယ်ဘုရား၊ ဝမ်းသာကြည်နူးလွန်းလို့ တပည့် တော် ငိုမိတာပါဘုရား''ဟု အားရပါးရ လျှောက်ထားလေ၏။

နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အမျိုး, ဘာသာ, သာသနာကို ချစ်မြတ်နိုးသည့် ဒကာမကြီးဒေါ်အေးစိန်၏ စိတ်ဓာတ်မျိုးကား မြန်မာလူမျိုးတိုင်း ရှိသင့်သည့်စိတ်ဓာတ်ပင် ဖြစ်၏။ ထိုဒကာ မကြီးကဲ့သို့ သီတဂူဆရာတော်ကို အလွန်အမင်း ကြည်ညိုနေသည့်သူများကား အနယ်နယ်အရပ်ရပ်မှာ ပေါများလှပါသည်။

မိမိလည်း ရှင်သာမဏေ ကိုရင်ဘဝက ''သဲကုန်း ဆရာတော်၊ သီတဂူဆရာတော်'' ဟူသော နာမည်ကို ထပ် ချည်းတလဲလဲ ကြားနေရသော်လည်း ဆရာတော်ကိုကား တစ်ခါမှ မဖူးတွေ့ဘူးသေးပေ။

တိုက်တိုက်ဆိုင်ဆိုင် မန္တလေးသို့ သာမဏေကျော် စာမေးပွဲသွားရောက် ဖြေဆိုမှပင် ဆရာတော်၏ တရားကို ကိုယ်တိုင် ကိုယ်ကျ နာရလေသည်။ စည်ကားလှသော ပရိသတ်ကြီးနှင့် ဘေးပတ်ပတ်လည်၌ ဝန်းရံလျက်ရှိသော သံဃာတော်များကို အံ့မခန်း တွေ့ရလေ၏။ စိတ်ထဲမှာလည်း ''သြော် သီတဂူဆရာတော် ဆိုတာ ဒီဆရာတော်ပဲကိုး''ဟု အလိုလို ရေရွတ်မိလေသည်။

မှတ်မိနေသည့် သြဝါဒ


မိမိသည် ၁၃၆၃-ခုနှစ်, ဝါဆိုဦးတွင် သီတဂူဆရာတော်၏ ခြေတော်ရင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်က အိန္ဒိယတက္ကသိုလ်အသီးသီး၌ ပညာသင် ပို့လွှတ်ထားသော တပည့်များမှာ ၈-ပါးရှိပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီတင်းသုံးလျက်ရှိသော ဆရာတော်၏ အနီးနေတပည့်များမှာကား ၁ဝ-ပါးခန့်မျှသာ ရှိပါသည်။

ထိုနှစ် ဝါဆိုဦး၌ဆရာတော်က ''ငါ တပည့်တွေ အခုလိုရောက်လာတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်၊ ငါ့တပည့်တွေကို လုပ်ဖေါ်ကိုင်ဖက်လို သဘောထားပါတယ်၊ သီတဂူပရဟိတအလုပ်တွေကို ငါတို့ စွမ်းနိုင်သမျှ လုပ်မယ်လို့စိတ်ထဲမှာ ခံယူချက်ရှိကြဖို့ကိုလည်း တဆက်တည်း ပြောကြားလိုပါတယ်''ဟု မိန့်တော်မူ၏။

ယင်းသြဝါဒစကားကို အခုချိန်ထိ ကြားယောင်မိ၏။ဆရာတော်ကား တပည့်တွေကို ''လက်အောက် ငယ်သား''လို သဘောမထား၊ ''လုပ်ဖေါ်ကိုင်ဘက်''လို သဘောထား၏။ ဤကားဆရာတော်၏ သင်္ဂဟ (ချီးမြှောက်မှု)တရားပင်တည်း။ တန်းတူရည်တူ ဆက်ဆံခြင်းသည် သင်္ဂဟတရားပင် မဟုတ်လော။ အောင်မြင်လိုသော ဆရာများ အတုယူသင့်လှ၏။

ဆရာတော်သည် ယင်းကဲ့သို့ စည်းရုံးရေး (သင်္ဂဟ) ကောင်းသောကြောင့်ပင် သီတဂူရေအလှူ, ဆေးရုံအလှူ, တက္ကသိုလ်အလှူစသော ပရဟိတလုပ်ငန်း များ တဟုန်ထိုး အောင်မြင်ခြင်း ဖြစ်ပေသည်။

တချို့က အလုပ်လုပ်လျှင် မှန်မှန်ကန်ကန်လုပ်၏။ တိတိကျကျလုပ်၏။ သို့သော် အပြောအဆို မလိမ္မာသော ကြောင့် တပည့်, ဒကာ, ဒကာမတို့နှင့် အဆင်မပြေ ဖြစ်ပြီး အောင်မြင်မှု မရရှိကြပေ။ ယင်းသို့ ဖြစ်ရခြင်းမှာ ချီးမြှောက်မှု သင်္ဂဟတရားကို မေ့နေသောကြောင့်ပင်တည်း။


ဆရာတော်၏ ပညာဒါန

ဆရာတော်သည် သံဃာတော်များ၏ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စား၏။ ရဟန်းတော်များကို ခေတ်နှင့်အညီရင်ဘောင်တမ်းနိုင်အောင် ကြိုးစားစေချင်၏။ မိမိတို့၏ ဘာသာသာသနာကို တည်တန့်ခိုင်မြဲအောင် လုပ်နိုင်ဖို့အတွက် အစစအရာရာ တတ်စေချင်၏။ ဘာသာခြားများထက် ထူးချွန်စေချင်၏။ ပိဋကတ်စာပေနှင့် ဘာသန္တရစာပေနှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် စေချင်သည့်ဆန္ဒမှာ သူမတူအောင် ကြီးမားလှပေသည်။

ထို့ကြောင့် နိုင်ငံတကာ တက္ကသိုလ်ကြီးများ, ကောလိပ်များသို့ သွားရောက်၍ သူတို့၏ပညာရေး စနစ်ကိုလေ့လာ၏။ အကဲခတ်၏။ အားနည်းချက်, အားသာချက် တို့ကိုမြင်အောင်ကြည့်၏။ အထူးအားဖြင့် ဆိုင်ရာဆိုင်ရာ တက္ကသိုလ် ကောလိပ်တို့၌ ပို့ချပေးသည့် သင်ရိုးညွှန်းတမ်းများကို ပို၍လေ့လာ၏။

နောက်ပြီး ပညာရေးကြိုးစားသူကို ဆရာတော်သည် အားပေး၏။ ထောက်ပံ့၏။ ဆရာတော်သည် ပြည်တွင်း၌ ဆေးတက္ကသိုလ်ကျောင်းသား, ကျောင်းသူများကို စရိတ်ထောက်ပံ့၍ ပံ့ပိုးလျက်ရှိ၏။ အိန္ဒိယ, သိရီလင်္ကာစသော နိုင်ငံရပ်ခြား တိုင်းပြည်များ၌လည်း တပည့်ရဟန်းတော်များကို ပညာသင်ပို့လွှတ် ထားသည်မှာ လောလောဆယ်မှာ အပါး ၂၀-ကျော်ရှိပေသည်။

မိမိအိန္ဒိယသို့ ဝါဆိုသည့် ၁၃၆၉-နှစ်၌ ဆရာတော်သည် နောက်လိုက် ဒကာ, ဒကာမ ၇ဝ-လောက်နှင့်တကွ အိန္ဒိယနိုင်ငံသို့ ကြွရောက်တော်မူလာ၏။ ဆရာတော်သည် ဒကာ,ဒကာမများနှင့်တကွ သာသနာထွန်းကာစဖြစ်နေသည့် အိန္ဒိယနိုင်ငံ တြိပူပြည်နယ်၌ ဘုရားတည်ရန်အတွက် အလှူတော် ငွေများကိုလည်း ပေး အပ်လှူဒါန်းခဲ့၏။

ထို့အပြင် ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီး၌ အိန္ဒိယနိုင်ငံ ရောက် မြန်မာကျောင်းသား ရဟန်းတော် ၂၃၁-ပါးကိုလည်း ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့၏။

ဆရာတော်က တပည့်ကျောင်းသားရဟန်းတော်များ ကို အမိန့်ရှိသေး၏။ ''တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူ ရတာကို ငါ စိတ်မကောင်းဘူးကွာ၊ ဘာ့ကြောင့်လဲဆိုရင် ဒီထက်ပိုပြီးမလှူနိုင်လို့ပဲ၊ ငါ့တပည့်တွေ ကြိုးစားကြ၊ 'ဒီက ပြန်ရင် နိုင်ငံနှင့်သာသနာကို ဘယ်လိုကျေးဇူးဆပ်မလဲ'လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြ၊ ဒီမေးခွန်းကို မဖြေနိုင်သေးဘူး ဆိုရင်ဒီမှာလာရတာ အကျိုးမများလှဘူး၊ ဒေါ်လာရင်းပြီးတော့ လာကြတာဆိုတော့ ဒေါ်လာနှင့်ထိုက်တန်တဲ့ ပညာကို ရအောင်ယူကြ၊ သာသနာမှာ အလုပ်လုပ်တဲ့လူ နည်းသေးတယ်၊ ဒီကွက်လပ်ကို ငါ့ရှင်တို့က ဖြည့်ဆည်းပေးရမယ်၊ ငါ့တပည့်တွေ ဒီမှာ'ကျောင်းသားအဖွဲ့'ကိုဖွဲ့စည်းကာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတာကို ကြည့်ပြီး ငါ အတော်လေး အားရကျေနပ်မိတယ်၊ ညီညွတ်ခြင်းရဲ့ ပြယုဂ်ပဲ၊ ငါရှင်တို့လည်း ခြေလှမ်းကြဲကြဲလှမ်းကြ၊ ဒါမှသူများ နောက်မီမှာ၊ နောက်နှစ်နောက်နှစ်တွေမှာလည်း စာသင်သား ရဟန်းတော်တွေ ဘယ်လောက်များများ ငါအနေနဲ့ ထောက်ပံ့သွားဦးမှာပါ''ဟု သြဝါဒစကားကို လည်း မိန့် တော်မူခဲ့ပါသည်။

ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် မြန်မာကျောင်းသား ရဟန်းတော်များကို နှစ်စဉ် တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့သည်မှာ ၇-နှစ်ရှိသွားပေပြီ။ ''အခြေခံပညာရေးအုတ်မြစ်''ကို တည်ဆောက် နေခြင်းပင်ဖြစ်ပေသည်။

ဆရာတော်၏ lecture

ဆရာတော်သည် သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်များကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။

သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ ၏။

ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရ သောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာ ဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။

အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။

အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ် နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြသတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက်တော်မူကြ သည်။

မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။

ဆရာတော်သည် ပြည်ပရောက်သည့်အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။ အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။

ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပုနေးတက္ကသိုလ်မှ ပါမောက္ခကြီး ဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။

မည်သည့်နေရာရောက်ရောက် ဆရာတော်ကိုပင့် ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်း များစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။

''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့် သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။

ရေးသားသူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(သီတဂူ)

ရွှေချိန်ခွင်ရှုင်းလင်းချက်

(လယ်တီဆရာတော်တို့ ခေတ်က ၀န်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည်
ရွှေချိန်ခွင်-အမည်ရှိ
စာအုပ်တစ်အုပ် ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။
သို့ရာတွင် သူ၏ ဘက်လိုက်သော အမြင်များ၊
အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။
ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန်
လယ်တီဆရာတော်ထံ တောင်းပန်သဖြင့်

“ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌
 “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်”
(ဗြဟ္မဇာလသုတ်)
..ဟူသော ဘုရားရှင်၏ သြ၀ါဒတော်အတိုင်း လယ်တီဆရာတော် ဘုရားကြီးသည် နေမကောင်း သည့်ကြားက ဖြေရှင်းရေသားခဲ့ဘူး၏။
ရွှေချိန်ခွင်-ဟု ဆိုလျှင်
အများစုက တောင်တွင်းကြီး သျှင်ဥက္ကဋ္ဌ-ရေးသော စာအုပ်ကိုသာ ဖတ်ဖူးကြ၏။
လယ်တီဆရာတော်ကြီး၏ စာအုပ်ကိုကား မသိသူသာ များ၏။
ယခုခေတ် ခရစ်ယာန်တို့သည်လည်း ဦးစောလှဖြူ ရေးသော ရွှေချိန်ခွင်စာအုပ်ပါ အချက်အလက်များဖြင့် ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့အား စကားဖြင့် တိုက်ခိုက်အနိုင်ယူလေ့ ရှိ၏။

မြန်မာဗုဒ္ဓဘာသာဝင်များကား မိမိက သူတစ်ပါးဘာသာကို တိုက်ခိုက်လေ့ ဝေဘန်လေ့မရှိသလို မိမိဘာသာကို ဝေဘန်တိုက်ခိုက်လာလျှင်လည်း ပြန်လည်၍ မဖြေရှင်းတတ်သူများ၏။

လယ်တီဆရာတော်ကြီး၏ ဖြေရှင်းချက်များကို ဖတ်ဖူးထားလျှင် မိမိတို့ဘာသာကို စော်ကားဝေဘန်လာသည့်အခါ အကျိုးအကြောင်း ပြန်လည်ဖြေရှင်း ပြနိုင်ပါလိမ့်မည်။
   (ထိုသို့ ပြန်လည်ဖြေရှင်းနိုင်ကြစေရန် ရည်ရွယ်၍
ဤ “ရွှေချိန်ခွင် ရှင်းလင်းချက်” ကို တင်ပြပါသည်။
ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း မဟုတ်ပါ။)


ခရစ်ယာန် ရွှေချိန်ခွင် အဆိုကိုဆရာတော်ရှင်းလင်းချက်

                                       ရွှေချိန်ခွင် အဆို (၁)

၁။ (က) ခရစ်ယာန် ဘာသာက မသေ မနာ မအို ထာဝရဘုရား ရှိသည်ဟု ဆို၏။

      (ခ ) ဗုဒ္ဓဘာသာက ယခု ဘုရားမရှိ- ဟု ဆို၏။

                                  ဆရာတော် ရှင်းလင်းချက်

ဘုရား၏ ကိုယ်တော်သည်
၁။ ရူပကာယကိုယ်တော် ၊

၂။ ဓမ္မကာယကိုယ်တော် ဟူ၍ နှစ်ကိုယ်တော်ပါသည်။


၁။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံယူရာတွင် ချူပ်ငြိမ်းသော ခန္ဓာတော်ကို ရူပကာယကိုယ်တော် ခေါ်ပါသည်။
     
၂။ ဂုဏ်တော် ကျေးဇူးတော်အနန္တကိုလည်းကောင်း၊
ပိဋကတ်သုံးပုံတည်းဟူသော တရားတော် ကိုလည်းကောင်း
ဓမ္မကာယ ကိုယ်တော် ခေါ်ပါသည်။



ထိုနှစ်ပါးတို့တွင်---

ရူပကာယကိုယ်တော်မှာ။ ။
အချို့သာ ချုပ်ငြိမ်းပါသည်။ သုံးကုဋေခြောက်သန်းမျှ မကသော ဆံတော်၊ သွားတော် လေးဆယ်၊
စွယ်တော်နှစ်စုံ၊
နဖူးသင်းကျစ်တော်၊
ညှပ်ရိုးတော် နှစ်ချောင်း၊
ရှစ်စရွက်မျှလောက်သော အရိုးတော်တို့မှဖြစ်သော ဓာတ်တော်ဟူသော ဤရူပကာယကိုယ်တော်တို့မှာမူကား ကမ္ဘာမြေပေါ်တွင် ယခုပင် အနှံ့အပြား ရှိလျက် ဖြစ်ပါသည်။


ဓမ္မကာယကိုယ်တော်မှာမူကား။ ။
ခံယူသူရှိပါသမျှ ကာလပတ်လုံး ဘယ်အခါမှ မကွယ်ပါ။
ခံယူသူရှိရာမှာ တည်ထွန်းပါသည်။ အကနိဋ္ဌခေါ်သော အထက်ကောင်းကင် ဘုံကြီး၌ကား မဟာကမ္ဘာကြီး တစ်သောင်းခြောက်ထောင်မက တည်ထွန်းလျက် ရှိနေပါသည်။
ထို့ကြောင့် “ဗုဒ္ဓဘာသာ၌ ယခုဘုရား မရှိ” ဆိုသော စကားသည် ဘုရား၏ ကိုယ်တော်နှစ်ပါးတွင် ပရိနိဗ္ဗာန်စံရာ၌ ချုပ်ငြိမ်းလေသော အချို့သော ရူပကာယကိုယ်တော် တစ်စိတ်မျှကိုသာ ရည်၍ ဆိုသော စကားဖြစ်ပါသည်။ အထက်၌ ပြခဲ့သော ဆံတော် အစရှိသော ရူပကာယကိုယ်တော်နှင့် ဓမ္မကာယကိုယ်တော်မြတ်များမှာ ယခု ထင်ရှားရှိပါသည်။
(ဦးစောလှဖြူဆိုတိုင်း ယခု ဘုရားလုံးလုံး မရှိသည်မဟုတ်ပါ။)
                                ရွှေချိန်ခွင်အဆို (၂)

 ၂။ (က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ၊
ထို့ကြောင့် လူကို ကယ်မနိုင်သည်ဟု ဆို၏။


     (ခ) ဗုဒ္ဓဘာသာကလည်း အနန္တတန်ခိုးတော် ရှိသည်ဟု ဆို၏။
ဆိုပြီးလျှင် ဘုရားသည် သူတစ်ပါးကို မ-မနိုင်၊ မိမိဖို့ကိုပင် မတတ်နိုင်၍ ၀ဋ်ဆိုက်သေရသည် ဆို၏။


                                    ဆရာတော် ရှင်းလင်းချက်

“ခရစ်ယာန်ဘာသာက ဘုရား၌
အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ”
ဟူသော စကားမှာ ---


၁။ လောက၌ သေခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။
ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်လူမျိုးတို့၏ သင်းချိုင်းသည် အနှံ့အပြားပင် ရှိလျက်ပါတကား။

၂။ မအိုရအောင် တတ်နိုင်ပါမည်လော။

ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ ခေါင်းဖြူ စွယ်ကျိုးတွေ အနှံ့အပြားပင် ရှိလျက်ပါတကား။

၃။ နာခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။

ကမ္ဘာမြေပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ အကျိုးတွေ အကန်းတွေ အနူတွေ အရွဲတွေ ထိုထိုရောဂါအနာ ကပ်ရောက်သူတွေ ဆရာဝန်တွေ ဆေးရုံတော်တွေ အနှံ့အပြားပင် ရှိလျက်ပါတကား။

၎။ လောက၌ မိုက်မဲသောသဘော မရှိရအောင် တတ်နိုင်ပါမည်လော။
ကမ္ဘာမြေပေါ်တွင် မိုက်မဲသောသူ သာ၍ ပေါများသည်တကား။

၅။ ခရစ်ယာန်ဘာသာကို မခံယူသူတစ်ယောက်မျှ တစ်ခဏချင်း
မရှိရအောင် တတ်နိုင်ပါမည်လော။

ခရစ်ယာန်ဘာသာကို မခံယူသူ သာ၍ များသည်တကား။

၆။ ကမ္ဘာမြေပေါ်တွင် အရုပ်အဆင်း မလှသူ မရှိရအောင် တတ်နိုင်ပါမည်လော။


၇။ ဥစ္စာပစ္စည်းမွဲသူ မရှိရအောင် တတ်နိုင်ပါမည်လော။


၈။ ကမ္ဘာမြေပေါ်တွင် လူအားလုံး အညီအမျှ အသက်ရှည်ရှည်ချည်း နေရအောင် တတ်နိုင်ပါမည်လော။

၉။ ခရစ်ယာန်ဘာသာဝင် လူမျိုးတို့မှာ မွေးဖွားစနှင့် သေကြသည် မရှိပါသလော။ တစ်လတွင်သေသူ၊ တစ်နှစ်တွင်သေသူ စသည် မရှိပါသလော။

၁၀။ ကမ္ဘာမြေပေါ်၌ ရှိသမျှသော သတ္တ၀ါတွေကို ခဏချက်ချင်း နိဗ္ဗာန်ဘုံသို့ ရောက်အောင် ပြုနိုင်ပါမည်လော။

       ဤသို့ စသည်ဖြင့် ကမ္ဘာမြေပေါ်တွင် မသင့်မမြတ်သော အမူအရာတွေ အနန္တရှိပါလျက် ထာဝရဘုရား မတတ်နိုင်၍ နေသောအရာတွေကို ၀န်ထောက်မင်း ဦးစောလှဖြူ မမြင်ပါသလော။

    ( ထာဝရဘုရား ကယ်မနိုင်သောအရာ မရှိပါတကား)


မိမိဘက်ပါအောင်
ငွေနှင့်မျှားခြင်းကား ဘုရားတန်ခိုး မဟုတ်

ဘာသာတစ်ပါးက ခရစ်ယာန်ဘာသာသို့ ၀င်သောသူကို
စာဖြူဆရာတို့က ကြေးငွေပေးသည်။
အစိုးရ များထံ အားထုတ်၍ ပေးသည်။
သည်အရာများကို ထာဝရဘုရား စောင်မသည်ဟု စာဖြူဆရာများ
ဟောပြော လေ့ရှိသည်။


လောက၌ နဂိုက ဓားပြမဟုတ်ဘဲ နောက်မှ ဓားပြကဲ့သို့ ၀င်လာသောသူကို အပေါင်းအသင်း များခြင်းကို အလိုရှိသော ဓားပြဟောင်းတို့က ပစ္စည်းဥစ္စာ အ၀တ်ပုဆိုးပေးသည်။
သူခိုး သူခိုးချင်းလည်း ထို့အတူ၊
မုဆိုး မုဆိုးချင်း၊
တံငါ တံငါချင်း၊
သူတောင်းစား သူတောင်းစားချင်းလည်း ထို့အတူ၊
မိမိတို့ အသင်းအပင်းများခြင်းကို အလိုရှိသော သူတို့သဘောသည် မိမိတို့အလေ့အကျက်ကို ၀င်လာသောသူတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့မြဲ လောကထုံးစံတည်း။


   ဤသို့သော ထုံးစံဖြင့် များခြင်းကိုအလိုရှိသော စာဖြူဆရာတို့က စာဖြူသို့ မ၀င်သောသူတို့ကို ၀င်ချင်အောင် တတ်နိုင်သလောက် ချီးမြှောက်ထောက်ပံ့သည်ကို ထာဝရဘုရားပေးသည် ကယ်မ-သည်ဟု ပြောဟောကြခြင်း သည် ဟုတ်နိုင်ပါမည်လော ။

(အဘယ်မှာ ထာဝရဘုရား ကယ်မ နိုင်သောအရာ ရှိပါသနည်း ။)


                                    
                 ဂေါတမဘုရားရှင်၏ အနန္တတန်ခိုးတော်များ


ငါတို့ဘုရားသည် အနန္တတန်ခိုးတော်ရှိသည် မှန်၏၊
ကောင်းကင် မြေ မိုး ပျံလျှိုးနိုင်၏၊
အနန္တကမ္ဘာ အနန္တစကြ၀ဠာ၌ ရှိသရွေ့ကို အကုန်အစင် မြင်နိုင်၏ ၊
ယူဇနာ တစ်ရာ တစ်ထောင်က အသံကြားနိုင်၏၊
သူတစ်ပါး စိတ်ကို အကုန်သိနိုင်၏၊
ကိုယ်တော်ကို နတ်ယောင် သိကြားယောင် ဗြဟ္မာယောင် တစ်ရာ တစ်ထောင်မက ခဏချင်းဖန်ဆင်းနိုင်၏၊
ဤသို့စသည်ဖြင့် သူတကာတို့မတတ်နိုင် ဘုရားသာတတ်နိုင်သော အရာသည် အနန္တများပြား၏ ။


(ထို့ကြောင့် ငါတို့ဘုရားမှာ တန်ခိုးတော်အနန္တရှိသည် ဆိုပါသည် ။)


မအို မသေ အမြဲနေရအောင် ဘယ်ဘုရားမှ မတတ်နိုင်

ကမ္ဘာမြေပေါ်တွင်ရှိသော သတ္တ၀ါတွေကို မသေဘဲနေနိုင်အောင် မအိုဘဲနေနိုင်အောင် မနာဘဲ နေနိုင်အောင် မသေဘဲနေနိုင်အောင် စသည်ဖြင့် အထက်ကဆိုခဲ့သော အရာများကိုမူကား ဘယ်ဘုရားမှပင် မတတ်နိုင်ကြ၊ မိမိတို့ခန္ဓာကိုလည်း မအို မသေ မနာအောင် မတတ်နိုင်ကြ နိဗ္ဗာန်ဘုံသို့ ရောက်သောကာလ မှသာ တတ်နိုင်ကြသည် ။

နိဗ္ဗာန်ရောက်မှ ဒုက္ခငြိမ်းမည်
        
ငါတို့ဘုရားသည် နိဗ္ဗာန်ဘုံသို့ ရောက်တော်မူသော နေ့ကစ၍ မိမိကိုယ်ကိုလည်း မအို မသေ အမြဲနေရအောင် တတ်နိုင်ပါ၏ ။ နိဗ္ဗာန်ဘုံသို့ ရောက်လာသမျှသော သူအပေါင်းတို့ကို မအို မသေ အမြဲနေရအောင် တတ်နိုင်ပါ၏ ။


ကျမ်းကိုး-
လယ်တီဆရာတော်
သာသန၀ိသောဓနီကျမ်း- ဒုတိယတွဲ
(နှာ- ၁၀၀, ၁၀၁, ၁၀၂, ၁၀၃, ၁၀၄, ၁၀၅)